ကော့သောင်းမြို့တွင် တရားမဝင် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းကာကွယ်တားဆီးရေးအဖွဲ့မှ ဈေးများအတွင်း ကွင်းဆင်းစစ်ဆေးပညာပေးလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့သောင်းမြို့တွင် တရားမဝင် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းကာကွယ်တားဆီးရေးအဖွဲ့မှ ဈေးများအတွင်း ကွင်းဆင်းစစ်ဆေးပညာပေးလုပ်ငန်းများဆောင်ရွက်

 


MNP - သြဂုတ်   ၂၉


မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြစ်သည့် တရားမဝင် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းကာကွယ်တားဆီးရေးအဖွဲ့မှ ယမန်နေ့နနက်ပိုင်းက ကော့သောင်းမြို့၊ လေဟာပြင်ဈေးအတွင်း တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း အေးခဲအသား အရောင်းဆိုင်များ အားကွင်းဆင်းစစ်ဆေးပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ကော့သောင်းမြို့အနေဖြင့် ထိုင်းနယ်စပ်ဖြစ်သည်အားလျော်စွာ မြို့နေပြည်သူများစားသုံးမှုအတွက် တဖက်ထိုင်းနိုင်ငံမှ နယ်စပ်ဖြတ်ကျော်ကာ အေးခဲသားများ၊ကြက်ဥ၊ဘဲဥ၊ငုံးဥများ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ နေ့စဉ်တင်သွင်းရောင်းချလျက်ရှိရာ ဒေသပြည်သူများ ဘေးဥပါတ်အန္တရာယ် ကင်းရှင်းစွာစားသုံးနိုင်ရေးနှင့် ပြည်ပမှသယ်ယူရောင်းချခြင်းအား တိရစ္ဆာန် ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးဥပဒေနှင့်အညီ တရားမဝင်ရောင်းချမှုမရှိစေရေး၊ ကူးစက်ရောဂါ ပြန့်ပွားမှုမရှိစေရေးအတွက် တင်သွင်းသည့်ကူးတို့ဆိပ်နှင့် ဈေးအတွင်း အေးခဲသားများ၊ ကြက်ဥ၊ ဘဲဥ၊ငုံး ဥများ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း၊ ရောင်းချသူများအား ဥပဒေဆိုင်ရာသိကောင်းစရာများအား အသိပေးရှင်းလင်းပညာပေးခြင်း၊ ပညာပေးလက်ကမ်း စာစောင်များဝေငှခြင်း စသည့်လုပ်ငန်းများအားဆောင်ရွက်ခြင်းဖြစ်သည်။


အဆိုပါ ကွင်းဆင်းစစ်ဆေးပညာပေးမှုလုပ်ငန်းများကို လစဉ် အပတ်စဉ် မြို့ပေါ်ရပ်ကွက် ဈေးများအတွင်း အလှည့်ကျ ပူးပေါင်းအဖွဲ့ဖြင့် ပုံမှန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ် တရားမဝင် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းကာကွယ်တားဆီးရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောဆိုချက်အရသိရသည်။


သတင်း - ကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)