မင်းဘူးမြို့တွင် မြက်တံမြက်စည်း ပြုလုပ်ရောင်းချ၍ အဆင်ပြေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူးမြို့တွင် မြက်တံမြက်စည်း ပြုလုပ်ရောင်းချ၍ အဆင်ပြေ

 


MNP - ဩဂုတ်   ၁၁


မကွေးတိုင်းဒသကြီး၊ မင်းဘူးမြို့ ချမ်းသာကြီးရပ်ကွက်တွင် တစ်နိုင်တစ်ပိုင် မြက်တံမြက်စည်း ပြုလုပ်၍ ဈေးကွက်အတွင်း ပြန်လည် ဖြန့်ဖြူး ရောင်းချခြင်းဖြင့် အဆင်ပြေလျက်ရှိကြကြောင်း သိရသည်။


အဆိုပါ တံမြက်စည်း ပြုလုပ်သည့် မြက်ပင်များမှာ အမ်း၊ ဂုတ်ကြီးစသော တောင်ပေါ်ဒေသများတွင် အများဆုံး ပေါက်ရောက်၍ ကြူပင်နှင့် အလားသဏ္ဍန်တူသော အရွက်ရှည်မြစ်ပွား အပင်မျိုးဖြစ်ကာ မြေအစိုဓာတ်ရှိပြီး ခြောက်သွေ့သော ရာသီကို ကြိုက်သောကြောင့် ဆောင်းရာသီတွင် အပေါက်များသည်။ အပင်၏ အမြင့်မှာ (၅) ပေမှ (၆) ပေအထိ ရှည်၍ မြက်ထုံး တစ်ထုံးလျှင် (၉၀၀၀) ကျပ်ဖြင့် ဝယ်ယူ ပြုလုပ်ကြရသည်။


တံမြက်စည်း ပြုလုပ်သူများသည် ဝယ်ယူထာသော မြက်ပင်အစိုများကို ကွင်းပြင်တွင် (၅) ရက်ကျော် (၆) ရက်ခန့် နေပူလှန်း၍ ရရှိလာသော မြက်ပင်ခြောက်များအား တံမြက်စည်း ပြုလုပ်၍ အတိုတစ်ချောင်းလျှင် (၁၅၀၀) ကျပ်၊ အရှည်တစ်ချောင်းလျှင် (၂၀၀၀) ကျပ်နှုန်းဖြင့် ဒေသတွင်းရှိ ကုန်စုံဆိုင်များနှင့် အရောင်း ကိုယ်စားလှယ်များအား လက်လီ/လက်ကား ရောင်းချရကြောင်း သိရသည်။


ထိုသို့ ပြုလုပ်ရာတွင် အရောင်းသွက်သော နွေရာသီနှင့် ဆောင်းရာသီ ကာလများတွင် တစ်နေ့လျှင် မြက်တံမြက်စည်း အချောင်းရေ ၈၀၀/၁၀၀၀ ပြုလုပ်၍ အရောင်းအဝယ်အေးသော မိုးတွင်းကာလများတွင် အချောင်းရေ ၃၀၀/၄၀၀ သာ  ပြုလုပ်၍ ရောင်းချကြကြောင်း မင်းဘူးမြို့ ချမ်းသာကြီးရပ်ကွက်မှ မြက်တံမြက်စည်း ပြုလုပ်ရောင်းချသူ ကိုမင်းသူက ပြောပြသည်။


သတင်း - ဇေယျာထက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)