ကျိုက်မရောမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်မရောမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုများ ဆောင်ရွက်

 



MNP - သြဂုတ်   ၉


မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၂-၂၀၂၃ခုနှစ် ကျောင်းကျန်းမာရေးနှင့်အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားဆောင်ရွက်မှုအဖြစ် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁ဝ နာရီက အ.ထ.က ကျိုက်မရော ကျောင်းခန်းမ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် ကျိုက်မရောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန. မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်ဇင်ထွန်း ဦးဆောင်၍ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းကျန်းမာရေး ရက်သတ္တပါတ် လှုပ်ရှားမှုအဖြစ် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကျောင်းသား၊ကျောင်းသူများအား သန်ချဆေး တိုက်ကျွေးပေးခြင်း၊ အာဟာရမျှတအောင် စားသုံးတတ်စေရန်အတွက် အာဟာရအုပ်စုများအတိုင်း စားသုံးကြရန် ပညာပေးဟောပြောခြင်း၊ ကျောင်းသူ/ ကျောင်းသားများအား အာဟာရ ကျွေးမွေးခြင်းနှင့် ဘီတာမင်ဆေးများ တိုက်ကျွေးခြင်းလုပ်ငန်းများကို  ဆောင်ရွက်ပေးခဲ့ကြသည်။


ကျိုက်မရောမြို့နယ်တွင် နှစ်စဉ် သြဂုတ်လ ဒုတိယအပတ်ကို ကျောင်းကျန်းမာရေးရက် သတ္တပတ်အဖြစ် သတ်မှတ်၍ ကျောင်းကျန်းမာရေး လုပ်ငန်းစဉ် (၅) ရပ်ဖြစ်သည့်  ကျောင်းကျန်းမာရေး ပညာပေးလုပ်ငန်း၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်း၊ ကျောင်းအခြေပြု ရောဂါကာကွယ်ရေးလုပ်ငန်း၊ ကျောင်းတွင်းအဟာရဖွံဖြိုးရေးနှင့် အစားအစာများ အန္တရာယ်ကင်းဝေးရေး၊ ကျောင်းကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - ချိုမြတ်မြတ်ထွေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)