ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်

 


MNP - ဩဂုတ်   ၁၁


ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ နှစ်စဉ်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေခံပညာကျောင်းများအား ပညာသင်နှစ်များအလိုက် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေးကြည့်ရှုစစ်ဆေးခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါ ကျောင်းကျန်းမာရေးအသိပညာပေးခြင်းနှင့် ကြည့်ရှုစစ်ဆေးပေးခြင်းလုပ်ငန်းများအား ကြာအင်းဆိပ်ကြီးမြို့နယ်၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ် (၅) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြု ဆရာမကြီးနှင့် သူနာပြု ဆရာ၊ ဆရာမများ ကျန်းမာရေးဝန်ထမ်းများက သွားရောက်ပြီး ၎င်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူလေးများအား သူနာပြုဆရာမကြီးမှ ကျန်းမာရေး သည် အလွန်အရေးကြီးကြောင်း ကျန်းမာမှသာလျင် ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်ညီညွတ်စွာ သွားလာနေထိုင်ရမည်ဖြစ်ကြောင်း အချိန်မှန်မှန်အိပ်ခြင်းနှင့် ကျန်းမာရေးနှင့်အညီ‌ စားသောက်နေထိုင်ရမည်ဖြစ်ကြောင်းစသည့် ကျန်းမာရေးနှင့် ပတ်သက်၍ အသိပညာပေးပြောကြားသည်။


ထို့နောက် သူနာပြု ဆရာ၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား တစ်ဦးချင်းစီအလှည့်ကျ ကျန်းမာရေးလုပ်ငန်းများအား ကြည့်ရှု စစ်ဆေးဆောင်ရွက်ပေးခဲ့ပြီး သန်ချဆေးများနှင့် အားဖြည့်သံဓါတ်အားဆေးများအား တိုက်ကျွေးပြီး သောက်သုံးရန်လိုအပ်သည့် ဆေးဝါးများအား ဝေငှပေးခဲ့ကြောင်း သိရသည်။


သတင်း - မျိုးမင်းဦး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)