မိုင်းတုံမြို့နယ် ဝမ်နားကျေးရွာ၌ မျိုးကောင်းမျိုးသန့်ဒေသဆိတ်များကို မွေးမြူရေးဘဏ်စနစ်ဖြင့် ဖြန့်ဖြူးပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းတုံမြို့နယ် ဝမ်နားကျေးရွာ၌ မျိုးကောင်းမျိုးသန့်ဒေသဆိတ်များကို မွေးမြူရေးဘဏ်စနစ်ဖြင့် ဖြန့်ဖြူးပေးအပ်ပွဲကျင်းပ



MNP - သြဂုတ်   ၃၀


ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံမြို့နယ် ဝမ်နားကျေးရွာ၌  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် မျိုးကောင်းမျိုးသန့် ဒေသဆိတ်များ မွေးမြူရေးဘဏ်စနစ်ဖြင့် ဖြန့်ဖြူးပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဝမ်နားကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာနိုင်ထွန်းဦးက မျိုးကောင်းမျိုးသန့် ဒေသဆိပ် ဖြန့်ဖြူးပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ဆိတ်မွေးမြူရေးနည်းစနစ်အကြောင်း သိကောင်းစရာများ၊ မျိုးကောင်းမျိုးသန့်တိရစ္ဆာန်များ မွေးမြူခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူး များကိုလည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာစောထက်ဝင်းက မျိုးကောင်း မျိုးသန့်ဆိပ်ဖြန့်ဖြူးပေးရခြင်းကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလွင်မိုးက ထပ်ဆင့်အမှာစကားများကိုပြောကြားခဲ့ပြီး  ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာနိုင်ထွန်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာစောထက်ဝင်းနှင့် တာဝန်ရှိသူတို့က ကျေးရွာနေပြည်သူများထံဒေသဆိတ် လက်ခံရရှိမှုမှတ်တမ်းများနှင့် အိမ်ထောင်စုတစ်စုလျှင် ဆိတ်အထီး (၁)ကောင်၊ အမ(၁၀)ကောင် စုစုပေါင်း အိမ်ထောင်စု (၅)စုအတွက် ဆိတ်ထီး (၅) ကောင်၊ ဆိတ်မ(၅၀)ကောင်ကို  လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - မျိုးကျော်စိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)