ထားဝယ်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲကျင်းပ





MNP ၊ သြဂုတ် ၁၀ 

တနင်္သာရီတိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ကျင်းပ ခဲ့ကြောင်း သိရသည်။ 


ဟောပြောပွဲတွင် အမှတ်(၂))အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီး ဦးအောင်လွင်က ကျောင်းသူ၊ ကျောင်းသားအနေ ဖြင့် တာဝန်ရှိသူများ၏ဟောပြောချက်များကိုသိရှိလိုက်နာ၍ လေ့လာမှတ်သားစေလိုကြောင်းပြောကြားပြီး တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှူး ဒေါ်မေသန်းနိုင် က  အစား အသောက်နှင့် ဘေးကင်း စေရေး၊ ဆေးဝါး၊ ဆေးပစ္စည်း၊ လူသုံးကုန်နှင့်အလှကုန်များ ဘေးအန္တရာယ်ကင်းရှင်းစေရေး အကြောင်းအရာ များအား လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ဇူးဇူးဇင်နိုင် က စားသုံးသူများလုံခြုံစိတ်ချမှုရရှိစေရေး၊ စားသုံးသူအခွင့် အရေး (၈)ချက် အား လည်းကောင်းအကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့ကြသည်။ 


ထို့နောက် ကျောင်းသား/သူများက သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး လက်သန့် ဆေးရည်ဘူးများနှင့် ဘောပင်များပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။


ရွှေပင်လယ်(ထားဝယ်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)