စဉ့်ကိုင်မြို့နယ်၌ စားအုန်းဆီတစ်ပိဿာ ၅၅၀၀ ကျပ်နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကိုင်မြို့နယ်၌ စားအုန်းဆီတစ်ပိဿာ ၅၅၀၀ ကျပ်နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေး

 


MNP - ဩဂုတ်   ၂၉


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်တွင်  ပြည်သူများ စားအုန်းဆီကို  ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်စေရေးအတွက် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများအသင်းက ရည်ညွှန်းဈေး(၅၅၀၀)ကျပ်ဖြင့်အုန်းပင်ခြံရပ်ကွက်အတွင်းယနေ့နံနက်ပိုင်းက ရောင်းချပေးခဲ့ကြောင်း သိရသည်။


မြန်မာနိုင်ငံဆီကုန်သည်နှင့်  ဆီလုပ်ငန်းရှင်ကြီးများအသင်း၏    ဦးဆောင်လမ်းညွှန်မှုဖြင့်   စဉ့်ကိုင်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်ကြီးများအသင်းက  စားသုံးသူပြည်သူများ  စားအုန်းဆီ ဈေးနှုန်းသက်သာစွာဝယ်ယူ စားသုံးနိုင်စေရန်အတွက်၊ ရည်ညွှန်းဈေးကျပ် (၅၅၀၀)ကျပ်ဖြင့် လှည့်လည်ရောင်းချခြင်းကို  အုန်းပင်ခြံရပ်ကွက်တွင် Mobile  စနစ်ဖြင့် လှည့်လည်ရောင်းချပေး နေကြောင်း သိရသည်။ “ကျွန်တော်တို့ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်ကြီးများအသင်းအနေနဲ့  စားသုံးဆီအရည်အသွေး  ပြည့်မီမှုရှိမရှိ၊ သတ်မှတ်ရည်ညွှန်းဈေးနဲ့သတ်မှတ်  ပိဿာချိန်အတိုင်း ရောင်းချခြင်း   ရှိ/မရှိ တို့ကိုလှည့်လည်   စစ်ဆေးခြင်းများနှင့် သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအုပ်စုတာဝန် ရှိသူတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပေးခြင်းများ ဆောင်ရွက်ပေးတယ်ဟု ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။


စားသုံးသူများ  ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူ ဝယ်ယူရရှိနိုင်စေရေးအတွက် Mobile စနစ်ဖြင့် ရောင်းချပေးခြင်းဖြစ်ပြီး    သက် ဆိုင်ရာ   ရပ်ကွက်ကျေးရွာများတွင်  အိမ်ထောင်စုအလိုက် ရောင်းချပေးခြင်းဖြစ်ရာ၊ ပြင်ပဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် တစ်သောင်းကျော်ဖြစ်နေပြီဖြစ်သဖြင့်၊ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများ အသင်းမှယခုကဲ့သို့ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းပေးမှုအပေါ် ပြည်သူများက ဝမ်းသာကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။


သတင်း - ဝင်ဝင်းသန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)