ဒဂုံမြို့သစ် (အရှေ့ပိုင်း) တွင် မိုးရာသီမြန်မာ့သိုင်းအခြေခံအားကစားနည်း သင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ် (အရှေ့ပိုင်း) တွင် မိုးရာသီမြန်မာ့သိုင်းအခြေခံအားကစားနည်း သင်တန်းဆင်းပွဲ ကျင်းပ

 



MNP - ဩဂုတ်   ၂၈


အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ စီစဉ်ကျင်းပသော မိုးရာသီမြန်မာ့သိုင်း အခြေခံအာကစားနည်း သင်တန်းဆင်းပွဲကို မာဂဓီသစည်ဘုန်းတော်ကြီးသင် ပညာရေးမူလတန်း လွန်ကျောင်းတွင် ယမန်နေ့မွန်းလွဲပိုင်း (၃) နာရီက ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ မိုးရာသီမြန်မာ့သိုင်း အခြေခံအားကစားသင်တန်းဆင်းပွဲတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေအေးက မိုးရာသီမြန်မာ့သိုင်း အခြေခံ အားကစားနည်းသင်တန်းဆင်းပွဲ၌ ကျောင်းသား/သူများအနေဖြင့် လေ့ကျင့်သင်ကြား ပေးခဲ့သော မြန်မာ့သိုင်းအခြေခံ အားကစားနည်းများကို အကျိုးရှိစွာဖြင့် အသုံးချတတ်စေရန် ကျန်းမာဖွံ့ဖြိုးသော ကိုယ်ကာယလေ့ကျင့်ခန်းများအဖြစ် ပြန်လည်လေ့ကျင့်ကြရန်နှင့် အခြေခံအားကစားနည်းအဖြစ် မြန်မာ့သိုင်းအားတတ်မြောက်၍ နိုင်ငံဂုဏ်ဆောင်နိုင်သော မျိူးချစ်စိတ်ဓာတ်ရှိသော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သင်တန်းဆင်း အမှာစကား ပြောကြားပြီး နောက် မာဂဓီသာစည်ဘုန်းတော်ကြီးသင် ပညာရေးမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်အရှင်နေမိန္ဒ (သဒ္ဓမ္မဇောတိကဓဇ) မှ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် သင်တန်းဖွင့်လှစ်ပေးခဲ့မှုအပေါ် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။


ဆက်လက်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ မာဂဓီသာစည် ကျောင်းအုပ် အရှင်နေမိန္ဒ (သဒ္ဓမ္မဇောတိကဓဇ) နှင့် တက်ရောက်လာသူများမှ သင်တန်းသား/သူ (၁၅၀) ဦးအား သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခြင်း၊ မြန်မာ့သိုင်းသင်တန်းဆင်းပွဲ၌ သင်တန်းသား၊ သင်တန်းသူများက သင်ကြားခဲ့သော မြန်မာ့သိုင်းအားကစားနည်းများကို သရုပ်ပြသပေး၍ ၎င်းသင်တန်းကို သင်တန်းကာလ (၁) လ အကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - ဝင်းအိမွန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)