မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်



MNP - သြဂုတ်   ၂၅


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏  လုပ်ငန်းညှိနိုင်းအစည်းအဝေးကို ယနေ့ သြဂုတ်လ (၂၄) ရက်နေ့ နံနက်(၁၀)နာရီအချိန်က ငပုတောမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ၊အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။


အဆိုပါ အစည်းအဝေးတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက၊ ဧရာဝတီတိုင်းဝန်ကြီးချုပ်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်း‌‌သည်။


ဧရာဝတီတိုင်းဒေသကြီးမှာ ပညာရေးသည် အောင်ချက် အကောင်းဆုံးတိုင်း ဖြစ်သည့်အတွက် ဆက်လက်‌ပိုမို‌‌ တက္ကသိုလ်အောင်ချက်မြင့်မားရေး လေ့ကျင့်သင်ကြားဆောင်ရွက်ရန်၊ ဆရာ/ဆရာမ လိုအပ်ချက်များ တင်ပြရန်၊ ဌာနဆိုင်ရာများ အားလုံးအနေဖြင့် မိမိတို့ဌာန၏ ဦးတည်ချက်၊ ရည်မှန်းချက်ကို အလေးထားဆောင်ရွက်ရန်၊ ကိုဗစ်ကာကွယ်ဆေးကိုလည်း ဝန်ထမ်းများအနေဖြင့် ထပ်ဆောင်း(၄)ကြိမ်ထိုးရန်၊ (၆) လပြည့်ပြီးပါက ဆက်လက် ထိုးနှံသွားရန်၊ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရှိကြောင်း၊ ကျောင်းသားများအားလုံး အခြေခံပညာ အလယ်တန်းအဆင့် အားလုံးပြီးမြောက်အောင် တက်ရောက်စေခြင်း၊ တတ်နိုင်ပါက အထက်တန်းအဆင့် ပြီးမြောက်အောင် ဆောင်ရွက်ရေး၊ လူငယ်များ၏ ပညာရေးနှင့် ကျန်းမာကြံ့ခိုင်ရေး မြှင့်တင်မှုတို့ကိုပါ ဆောင်ရွက်ခြင်း နိုင်ငံအတွက် လူစွမ်းအား အရင်းအမြစ်ကောင်းများ ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း၊ ဒေသအလိုက် မတူညီသော အနေအထားကြောင့် ဆန်၊ ဆီဖူလုံအောင် ဆောင်ရွက်ရေး၊ ပြည်ထောင်စုရည်မှန်းချက်ဖြစ်သည့်‌ မိုးစပါး၊‌ ‌‌နွေစပါးအထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်ရေး၊ မြေအောက်ရေ အပြည့်အဝရရှိရေး မွေးမြူရေးကဏ္ဍလုပ်ငန်းများ မတည်ထုတ်ချေးပံ့ပိုးပေးမည် ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာဌာနအနေနှင့် စာရင်းပြုစုထားရန်၊ ငါးသယံဇာတမဖြုန်းတီး‌ရေး တိုးပွားအောင် ဆောင်ရွက်ရန်၊ လျှပ်စစ်  ကဏ္ဍအနေဖြင့် LED ပြောင်းလွဲသုံးစွဲရန်၊ ပြောင်းလွဲသုံးစွဲမှုကြောင့် လျှပ်စစ်ဝန်ဆောင်မှုများ လျော့ချသွားရန်၊ အားကစားကဏ္ဍာ လက်ရှိဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်၊ လုံခြုံရေးနှင့် ပတ်သတ်၍ လူပုဂ္ဂိုလ်တစ်ဦးခြင်းလုံခြုံရေး၊ ရုံးလုံခြုံရေး  မိသားစုလုံခြုံရေး၊ လူဝင်လူထွက်များသောရုံးများ စနစ်တကျဆောင်ရွက်ရေး၊ ဒရုန်းသုံးသော ဌာနအနေနှင့် အဖွဲ့အစည်းအသီးသီး၏ ခွင့်ပြုချက်ယူရန်၊ လိုင်စင်မဲ့ယာဉ်အသုံးမပြုရေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရေးများ ဆောင်ရွက်ရန်၊ ပလပ်စတစ်မသုံးစွဲရေးနေ့ အသိပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်ရန်နှင့်၊ မသုံးစွဲရေးနေ့အဖြစ် သတ်မှတ်ရန်နှင့် လိုအပ်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် သက်ဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ဌာနမှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် လိုအပ်ချက်များ ပြန်လည်တင်ပြလာမှုများ အပေါ် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ် ညှိနှိုင်းဆောက်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)