ကျေးရွာများ၏ စိုက်ပျိုးရေးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရေးအတွက် အသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့သရုပ်ပြပွဲများ ဆက်လက်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျေးရွာများ၏ စိုက်ပျိုးရေးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရေးအတွက် အသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့သရုပ်ပြပွဲများ ဆက်လက်ဆောင်ရွက်

 



MNP - ဩဂုတ်  ၁၁


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့သရုပ်ပြပွဲကို တူးကံကျေးရွာအုပ်စု တူးကံကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့က ဆောင်ရွက်ခဲ့သည်။


ကြို့ပင်ကောက်မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝတိုးတက်စေရန်နှင့် အလုပ် အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာအုပ်စု (၄၉)အုပ်စုမှ ကျေးရွာပေါင်း (၂၇၇)ရွာအနက် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကျေးရွာများအား ဧပြီလ၊ မေလ၊ ဇွန်လ၊ ဇူလိုင်လများတွင် ရွေးချယ်ဆောင်ရွက်ခဲ့ကြောင်း စိုက်ပျိုးရေးဆိုင်ရာနှင့် ဌာနဆိုင်ရာလုပ်ငန်းများအား သိရှိနိုင်ရန် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသကြက်နှင့် ဒေသနွားမွေးမြူနည်း နေဗီယာမြက်စိုက်ပျိုးရေးတို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဓါတ်မြေဩဇာများကို စနစ်တကျသုံးစွဲစေရေး၊ စိုက်ပျိုးမြေပျက်စီးခြင်းမှကာကွယ်ရန် သဘာဝမြေဩဇာပြုလုပ်သုံးစွဲရေးတို့ကို အသိပညာပေးဟောပြောပြီး ကျွဲကောပင်ကိုင်းကူးမျိုးပွား စိုက်ပျိုးနည်းကို လက်တွေ့သရုပ်ပြသင်ကြားပေးခဲ့ရာ ဒေသခံတောင်သူများ၏သိလိုသည့် မေးမြန်းချက်များကို ဌာနဆိုင်ရာ အကြီးအကဲများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။


ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်လတွင်ကျေးရွာ ၁၀ ရွာသို့အရောက်သွားပြီး ယခုကဲ့သို့စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့သရုပ်ပြပွဲများကို လစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုငြိမ်း ထံမှ သိရသည်။


သတင်း - ဇေယျာထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)