တောင်ဇင်းနယ်မြေမီးသတ်စခန်းမှ သောက်သုံးရေလိုအပ်နေသည့် ကြို့ပင်သာကျေးရွာနှင့် မောက်စက်ကုန်းကျေးရွာသို့ သောက်သုံးရေဂါလံ ၃၂၀၀ လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ဇင်းနယ်မြေမီးသတ်စခန်းမှ သောက်သုံးရေလိုအပ်နေသည့် ကြို့ပင်သာကျေးရွာနှင့် မောက်စက်ကုန်းကျေးရွာသို့ သောက်သုံးရေဂါလံ ၃၂၀၀ လှူဒါန်း



MNP - ဩဂုတ်   ၃၀


မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် တောင်ဇင်းတိုက်နယ်ရှိ ကြို့ပင်သာကျေးရွာနှင့် မောက်စက်ကုန်းတဲတိုက်သို့ ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က သောက်သုံးရေဂါလံ ၃၂၀၀ လှူဒါန်းခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။


အဆိုပါ ကြို့ပင်သာကျေးရွာနှင့် မောက်စက်ကုန်းတဲတိုက်သည် ညောင်ဦးမြို့နယ် တောင်ဇင်းတိုက်နယ်အတွင်း သောက်သုံးရေရှားပါးနေခြင်းကြောင့် ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာန၊ တောင်ဇင်းနယ်မြေမီးသတ်စခန်းအနေဖြင့် မိမိဌာနလုပ်ငန်းများအပြင် ပြည်သူ့အကျိုးပြုလုပ်ငန်းများဖြစ်သည့် ကျေးလက်နေပြည်သူများ/ ဘုန်းတော်ကြီးကျောင်းများမှ သောက်သုံးရေအကူညီတောင်းခံလာခြင်းကို တောင်ဇင်နယ်မြေမီးသတ်စခန်းပိုင် မီးသတ်ရေသယ်ယာဉ်ဖြင့် တောင်ဇင်းတိုက်နယ်တောကျေးရွာအတွက် ရေဂါလံ ၃၂၀၀ ၊ လှူဒါန်းပေးခဲ့ကြောင်း ညောင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူကပြောကြား၍ သိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)