ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြိမ်းသတ်ရေး သရုပ်ပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြိမ်းသတ်ရေး သရုပ်ပြသ





MNP ၊ ဩဂုတ် ၃၁

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်  ပြည်သူ့ကျန်းမာရေး ဦးစီး ဌာန၊ ပြည်သူ့ဆေးရုံးကြီးရှိ ဝန်ထမ်းများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး အသိပညာပေး ဟော ပြောခြင်း နှင့် မီးငြိမ် သတ်ရေး သရုပ်ပြသခြင်းကို ယနေ့ နေ့လယ် ၃ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြသည်။ 

ထို့သို့ ဆောင်ရွက်ရာတွင်  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက်  ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ပြည်သူ့ဆေးရုံးကြီးရှိ ဝန်ထမ်းများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ် ဦးစီးမှူး ဦးထွန်းရွှေခိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မီးဘေး အန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် အသက် အိုးအိမ် စည်းစိမ်များ ဆုံးရှုံး မှုမရှိ စေ ရေး အတွက်  မီးကို  စနစ်တကျ အသုံးပြုစေရေး ၊  လျှပ်စစ်မီးအသုံးပြုသူများ အနေဖြင့် မိမိတို့ ဆေးရုံရှိ လျှပ်စစ်ဝါယာ ကြိုးများ ပေါက်ပြဲမှုရှိမရှိ ၊ လျှပ်စစ်ဝါယာကြိုးများ ၊ မီးပလက် ပေါက်များ ဟောင်းနွမ်းနေ ပါက လည်း သက်ဆိုင်ရာ လျှပ်စစ် ဝန်ထမ်း များ ဖြင့် လဲ လှယ်တပ်ဆင် အသုံး ပြုစေရေး၊ မီးသတ်ဆေးဘူး၊ မီးသတ် ရေပုံ များ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ ၊ ရေ ကန် များ၌ ရေများ ဖြည့်တင်းကာ အသင့် ထားရှိရန် လိုအပ် ကြောင်း စသည့်တို့အား အသိပညာပေး ဟောပြောပြီး မီးသတ် တပ်ဖွဲ့ဝင်များက ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ပြည်သူ့ဆေးရုံးကြီးရှိ ဝန်ထမ်းများအား ရှေးဦးမီးသတ်ဆေးဘူး ဖြင့် ဆီမီးငြိမ်း သတ်မှု ပြသခြင်း ၊ အဝတ်စိုဖြင့် ဖုံးအုပ်မီးငြိမ်းသတ်စေရေး စသည့်တို့ကို လက်တွေ့ လေ့ကျင့်စေခြင်း များအား ဆောင် ရွက်စေ ခဲ့ကြကြောင်းသိရသည်။  အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ် မီးသတ် ဦးစီးမှူး ဦးထွန်းရွှေခိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များ ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနုကေသီစံနှင့် ကျန်း မာရေးဝန်ထမ်းများ ၊ သူနာပြုများ စုစုပေါင်းအင်အား (၁၀၀)ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။ 


သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)