အမ်းမြို့နယ်၌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန် ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန် ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 




MNP ၊ သြဂုတ်  ၃၁

ရခိုင်ပြည်နယ်၊အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လည်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။


အစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်က မြို့အတွင်း သန့်ရှင်းသာယာလှပရေး၊လျှပ်စစ်မီးကောင်းမွန်ရေး၊ လမ်း၊တံတား ကောင်းမွန်ရေး၊ပညာရေး၊ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊လုံခြုံရေး၊လူမှုရေးကိစ္စရပ်များ၊သဘာဝဘေးဆိုင်ရာကိစ္စရပ်များ စနစ်တကျစီစဉ် ဆောင်ရွက်ထားရှိရေး၊ ပန်းခင်းစီမံချက်  ဆောင်ရွက်နိုင်မှုနှင့် ဌာနဆိုင်ရာများ အနေဖြင့်  လုပ်ငန်းများဆောင်ရွက်ရာတွင် အချိန်မီပေးပို့ဆောင်ရွက်စေရေးတို့အား ပြောကြားခဲ့ကြောင်းသိရသည်။ 


ဆက်လက်၍ မြို့နယ်အဆင့် ဌာဆိုင်ရာတာဝန် ရှိသူများက မိမိတို့၏သက်ဆိုင်ရာ ဌာန လုပ်ငန်းအခြေ အနေများ၊ ရပ်ကွက်/ ကျေးရွာများနှင့် ပေါင်းစပ်ဆောင်ရွက်ရမည့်  အခြေအနေများကိုဆွေးနွေးတင် ပြကြသည်။


ထို့နောက် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ၎င်းတို့၏ သက်ဆိုင်ရာ ကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုဆွေးနွေး တင်ပြကြရာ ခရိုင်အုပ်ချုပ်ရေးမှူးကပေါင်းစပ်ညှိ နှိုင်း  ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။ 


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)