သတင်းထုတ်ပြန်ချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သတင်းထုတ်ပြန်ချက်



ရက်စွဲ ။   ။ ၂၅ - ၈ - ၂၀၂၂

မန္တလေးမြို့တွင် ဦးနေနီအောင်သည် (၁-၈-၂၀၂၂) ရက်နေ့က ခေါ်ဆောင်သွားခြင်းခံရပြီး (၃-၈-၂၀၂၂) ရက်နေ့တွင် လုပ်ကြံသတ်ဖြတ်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ မိသားစုဝင်များက မြန်မာနေရှင်နယ်ပို့စ်မှ ဖော်ထုတ်ပေးရန် သတင်းပေးပို့၍ အကူအညီ တောင်းခံခဲ့ပါသည်။ ရရှိသောအချက်အလက်မပြည့်စုံခြင်း၊ သက်သေခံအထောက်အထား လိုအပ်ချက်များ ရှိနေခြင်းကြောင့် ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနေရှင်နယ်ပို့စ်အနေဖြင့် ဖော်ပြခဲ့ခြင်း မရှိပါ။

ဦးနေနီအောင် လုပ်ကြံသတ်ဖြတ်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ မိသားစုဝင်များက ပြည်ပမှ အမျိုးသားရေးလှုပ်ရှားသူများထံသို့ ပေးပို့၍ အကူအညီတောင်းခံကြောင်း သိရပါသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်ပမှ အမျိုးသားရေးလှုပ်ရှားသူတစ်ဦးက ဆက်သွယ်မေးမြန်းလာသည့်အခါ မိမိအနေဖြင့် ၎င်းတို့မိသားစုအား NLD အစွန်းရောက်များက ဒလန်စွပ်စွဲ၍ ပြဿနာရှာခဲ့စဉ်က အကူအညီပေးခဲ့ဖူးကြောင်း၊ ယခုကဲ့သို့ လုပ်ကြံသတ်ဖြတ်ခံရသည့် ဖြစ်စဉ်အပေါ်တွင် စိတ်မကောင်းဖြစ်ရပြီး မိသားစုဝင်များနှင့် ထပ်တူ အမှုမှန်ပေါ်ပေါက်စေလိုကြောင်း၊ ပြည်ပမှ အမျိုးသားရေးလှုပ်ရှားသူက သူ့ထံသို့ အချက်အလက်များ ရောက်ရှိနေပြီဖြစ်ကြောင်း၊ မိမိကူညီဆောင်ရွက်ပေးခဲ့သည့်အခန်းကဏ္ဍကို ပြောကြားပေးစေလိုကြောင်း ဆက်သွယ်ပြောဆိုသဖြင့် တိုက်ရိုက်ထုတ်လွှင့် ပြောဆိုမှုတွင် မိမိကူညီဆောင်ရွက်ပေးခဲ့သည်များကို ပြောဆိုခဲ့ပါသည်။

ပြည်ပမှ အကိုက တိုက်ရိုက်ပြောဆိုနေစဉ် ဓာတ်ပုံများ ထည့်သွင်းရှင်းလင်းပြောဆိုသွားခဲ့ရာတွင် မလိုလားအပ်သော ပြဿနာများ ပေါ်ပေါက်ခဲ့ရပြီး သက်ဆိုင်ခြင်းမရှိသူများ၏ နစ်နာမှုအတွက် မန္တလေးမြို့မှ အမျိုးသားရေးဦးဆောင်ဆရာတော်များ၊ အမျိုးသားရေးညီအစ်ကိုများက ဆက်သွယ်ပြောဆိုလာသည့်အခါ ပြည်ပမှ အကို နှင့် ချိတ်ဆက်၍ မိမိအနေဖြင့် အသုံးပြုခဲ့ခြင်း မဟုတ်ကြောင်း၊ ပြည်ပ မှ အကို ကလည်း သူအသုံးပြုခဲ့ခြင်း ဖြစ်သည်ကို ရှင်းလင်းပြောဆိုခဲ့ပါသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဆက်စပ်ဖော်ထုတ်နိုင်ရန် ဦးနေနီအောင် အသုံးပြုခဲ့သည့် ဖုန်းကို တပည့်ဖြစ်သူထံတွင် ထားရှိခဲ့သည် ဆိုသောကြောင့် အဆိုပါဖုန်းမှ အချက်အလက်များ လိုအပ်ကြောင်း၊ မိမိအနေဖြင့် ဆက်လက်ဖော်ပြပေးနိုင်ရန် ဆက်သွယ်ပြောဆိုခဲ့ပါသည်။ ဦးနေနီအောင် အသုံးပြုခဲ့သည့် လက်ကိုင်ဖုန်းအတွင်းမှ အသံဖိုင်တချို့၊ ရုပ်သံဖိုင်တချို့၊ ဆက်သွယ်ပြောဆိုမှု မှတ်တမ်းတချို့ ရရှိခဲ့ပြီး အမှုနှင့် ဆက်စပ်သည်ဟု ယူဆရသော အချက်အလက်တချို့ကို မြန်မာနေရှင်နယ်ပို့စ်အနေဖြင့် (၂၅-၈-၂၀၂၂) ရက်နေ့တွင် စတင်ဖော်ပြပေးခဲ့ပါသည်။

ထိုသို့ဖော်ပြရာတွင်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမှ နစ်နာစေရန် မရည်ရွယ်ဘဲ တာဝန်ရှိသူများအနေဖြင့် ဖြစ်စဉ်ဖြစ်ရပ်အပေါ် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက်သာ ဖော်ပြခြင်းဖြစ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေရသည့် ကာလဖြစ်သည့် အားလျော်စွာ ဦးနေနီအောင် လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ဆက်စပ်သော အချက်အလက်များ ရယူရန် ဦးနေနီအောင် အသုံးပြုခဲ့သည့် လက်ကိုင်ဖုန်းကို ရယူစစ်ဆေးလိုပါက မိသားစုဝင်များထံ မေတ္တာရပ်ခံပြီး သက်ဆိုင်ရာတာဝန်ရှိသူများထံ ဦးနေနီအောင် အသုံးပြုခဲ့သော လက်ကိုင်ဖုန်းကို အပ်နှံပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် အသိပေးတင်ပြအပ်ပါသည်။


နောင်တော်လေး

အယ်ဒီတာချုပ်

Myanmar National Post

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)