မိုင်းရှူးမြို့နယ်တွင် ကလေးငယ်များအား အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းရှူးမြို့နယ်တွင် ကလေးငယ်များအား အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုဆောင်ရွက်

 



MNP - သြဂုတ်   ၁၁


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့ပေါ်ရှိ အသက်(၆)လမှ(၅)နှစ်အရွယ်ထိ ကလေးငယ်များအား အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်ဗီတာမင်(A)နှင့် သံချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်မိခင်နှင့်က‌လေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်။


ထိုသို့ အာဟာရဆေးတိုက်ကျွေးပေးရာတွင် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းခမ်းလီနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများတို့က အသက်(၂)နှစ်မှအသက်(၅)နှစ်အထိ ကလေးငယ်များကို သံချဆေးများတိုက်ကျွေးပေးပြီး၊ အသက်(၆)လမှ (၂)နှစ်အရွယ်ထိ ကလေးငယ်များအားပေါင်ချိန်ခြင်း၊ အာဟာရပြည့်မပြည့် တိုင်းတာခြင်း၊ ဗီတာမင်(A)တိုက်ကျွေးပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များကို ဘီတာမင်(B1) ဆေးပြားများတိုက်ကျွေးခြင်းနှင့် ကြက်ဥများဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - သန်းလူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)