နမ္မတူမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ်အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ္မတူမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ်အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ



MNP - ဩဂုတ်   ၁၁


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ်အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေ့ဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်နိုင်က အမှာစကားပြောကြားပြီး၊ မြို့နယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်လွင်က မြို့နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ်အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် ကျောင်းကျန်းမာရေးသီတင်းပတ်အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲအား “ကျန်းမာပျော်ရွှင် အောင်ပွဲဝင်ဖို့၊ အာဟာရအုပ်စု (၃)မျိုးစားကြစို့”၊ “လူကျန်းမာမှစိတ်ချမ်းသာ ဤကမ္ဘာကြီးသာယာမှာ”၊ “ကျန်းမာခြင်းသည် လာဘ်တစ်ပါး အာဟာရနှင့်အားကစားမြှင့်တင်ထား”၊ “ရောဂါကင်းဝေးပျော်ရွှင်ဖို့ ကျန်းမာရေးကိုဂရုစိုက်စို့”၊ “ဗလငါးတန်ဖွံ့ဖြိုးဖို့ အာဟာရမျှတအောင်စားသုံးစို့” စသည့် ခေါင်းစဉ်(၅)ခုဖြင့်ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၅)ဦး ဝင်ရောက်ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးထံက သိရသည်။


သတင်း - လူမော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)