မြို့သစ်မြို့တွင် မိုးစပါး(၅၅၁၀၀)ဧက စိုက်ပျိုး ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သစ်မြို့တွင် မိုးစပါး(၅၅၁၀၀)ဧက စိုက်ပျိုး ပြီးစီး

 



MNP - ဩဂုတ်   ၂၅


မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင မိုးစပါးဧက(၅၅၁၀၀)ဧက စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။


မိုးစပါးကို ဇူလိုင်ပထမပတ်တွင် အများဆုံး စတင်စိုက်ပျိုးကြပြီး ရတနာတိုး(၉၄၁၈)ဧက၊ ဧရာမင်း(၃၁၇၀၈)ဧက၊ ဆင်းသုခ(၃၅၇၇)ဧကနှင့် မနောသုခ(၁၀၃၉၇)ဧကစိုက်ပျိုးခဲ့ပြီး စုစုပေါင်းမိုးစပါးဧက(၅၅၁၀၀)ဧက စိုက်ပျိုးအောင်မြင်လျှက်ရှိရာ စပါးစိုက်တောင်သူများ တစ်ဧကစပါးတင်း(၁၀၀)ကျော်အထွက်နှုန်းရရှိစေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးဝန်ထမ်းများက ကွင်းဆင်း၍ စိုက်ပျိုးရေးနည်းပညာများဖြင့် ကူညီပေးလျက်ရှိ ကြောင်း သိရသည်။


သတင်း - သန်းဝင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)