မြဝတီမြို့၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲ(အကြီးတန်းနှင့်အလတ်တန်း)ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြဝတီမြို့၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲ(အကြီးတန်းနှင့်အလတ်တန်း)ကျင်းပ

 



MNP - သြဂုတ်   ၁၀


ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ မြို့မဘောလုံးကွင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၏ ကျောင်းကောင်စီဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲ (အကြီးတန်းနှင့်အလတ်တန်း)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများမှ ကွင်းအတွင်းသို့နေရာယူပြီး နိုင်ငံတော်သီချင်းသီဆို ၍ နိုင်ငံတော်အလံအားအလေးပြုခြင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးစိန်သောင်းက ကွင်းဖွင့်အမှာစကားပြောကြားပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးမိုးကျော်က အားကစားဆိုင်ရာများအားမှာကြားခြင်း၊ အားကစားသမားများက အားကစားသစ္စာအဓိဌာန်(၄)ချက်အား ရွတ်ဆိုခြင်းတို့ကို ဆောင်ရွက်သည်။


ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူလေးများမှ Fitness Dance နှင့် ကပြဖျော်ဖြေတင်ဆက်ခြင်း၊ မြို့နယ်အဆင့် ဆိုကရေးတီးပြိုင်ပွဲတွင် ဆုရရှိခဲ့သော သမီးငယ်လေးများက ကဗျာလွတ်အကအလှဖြင့် ဖျော်ဖြေတင်ဆက်ခြင်းတို့ကိုဆောင်ရွက်ပြီး အကြီးတန်းနှင့် အလတ်တန်းပြိုင်ပွဲဝင်အသင်း စုစုပေါင်း ၁၀ သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။


အခမ်းအနားသို့ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲမင်းသူ၊ အဖွဲ့ဝင်ဦးစိန်သောင်း၊ အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးရဲဇင်လတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူးဇေယျာထွန်း၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများတက်ရောက်ကြောင်း သိရသည်။


သတင်း - ထိန်လင်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)