MNP - ဩဂုတ် ၉
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး၊ သန့်ရှင်းရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး၊ သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးဂွမ်ဂျာနော်က အနီးကပ်ကြီးကြပ်၍ ဝန်ထမ်းများက မြို့မဈေး အတွင်းအပြင် ပတ်ဝန်းကျင်နှင့် ရပ်ကွက်များအတွင်းရှိ ရေမြောင်းများအတွင်း အမှိုက်သရိုက်များနှင့် ချံနွယ်များအား ဖယ်ရှားရှင်းလင်းခြင်း၊ လမ်းဘေးဝဲယာရှိ ချုံ၊ နွယ်၊ ပိတ်၊ ပေါင်း၊ မြက်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများအား စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း အမှုဆောင်အရာရှိ ဦးဂွမ်ဂျာနော်ထံက သိရသည်။
သတင်း - လူမော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment