ပြည်မြို့နယ်တွင် ယခုနှစ်မိုးစပါးစိုက်ဧက ၆၃၁၀၀ ကျော် စိုက်ပျိုးပြီးစီး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပြည်မြို့နယ်တွင် ယခုနှစ်မိုးစပါးစိုက်ဧက ၆၃၁၀၀ ကျော် စိုက်ပျိုးပြီးစီး

27


MNP - ဩဂုတ်   ၁


ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရန် လျာထား ဧက (၇၄၆၄၀)ဧကအနက် ယနေ့အထိ (၆၃၁၆၀)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။


အဆိုပါမိုးစပါးဧက ၆၃၁၀၀ ကျော်စိုက်ပျိုးရာတွင် တောင်သူများအနေဖြင့် မှော်ဘီ(၂)၊ ရတနာတိုးနှင့် GW-11 အစရှိသော ဒေသရာသီဥတုနှင့်ကိုက်ညီသည့် မျိုးကောင်း မျိုးသန့် အထွက်တိုးမျိုးစပါးများကို အများဆုံးစိုက်ပျိုးကြပြီး တောင်သူများအတွက် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကိုလည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စနစ်တကျထုတ်ချေးပေးလျက်ရှိကာ တောင်သူများ၏စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေးနှင့် ပိုးမွှားများကင်းစင်ရေးအတွက် ပျိုးထောင်သည်မှ စိုက်ပျိုးပြီးသည်အထိ လိုအပ်သည့် စိုက်ပျိုးရေးနည်းပညာများကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနဝန်ထမ်းများက ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ပြည်မြို့နယ်တွင် ယခုနှစ်မိုးစပါးလျာထားဧက ပြည့်မီကျော်လွန်ရေးအတွက် ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးထံမှ သိရသည်။


သတင်း - ကိုဆက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages