ငါန်းဇွန်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သောအဖွဲ့နှင့် ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါန်းဇွန်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သောအဖွဲ့နှင့် ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေးပွဲကျင်းပ



MNP - ဩဂုတ်   ၂၅


မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုရေး၊ စည်းရုံးရေးဆိုင်ကိစ္စရပ်များနှင့်ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က ကျောက်တလုံးကျေးရွာအုပ်စု ကျောက်တလုံးကျေးရွာ အခြေခံပညာအထက်တန်း(ခွဲ)ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။


တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမျိုးမင်းသိန်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးသန့်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှသိန်း၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဆွေဝင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကိုမြင့်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဆန်းလင်း၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းကိုကို၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးညီညီဝင်း၊ မြို့မရဲစခန်းမှ ဒုရဲအုပ်အောင်ဇော်ထက်နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးလှိုင်မိုးဟိန်းတို့က ကျောက်တလုံးကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးကြပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask နှင့် Hand Gel များဖြန့်ဝေပေးခြင်း၊ ပြည်သူ့ဝန်ဆောင်မှု ပေးလျက်ရှိသည့် လုပ်ငန်းများကို ပြည်သူများသိရှိနိုင်စေရန် သက်ဆိုင်ရာဌာနအလိုက် လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ဒေသခံပြည်သူများက မိမိတို့ကျေးရွာ၏ လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ကျောက်တလုံးကျေးရွာ အ.ထ.က (ခွဲ)တွင် ဆရာ/ဆရာမ(၂)သာရှိပါသဖြင့် ဆရာ/ဆရာမများ ချထားပေးပါရန်ကိုလည်းကောင်း၊ နိုင်ငံသားကတ်မရှိသေးသူအတွက် နိုင်ငံသားကတ်ဆောင်ရွက်ရန်လိုအပ်သည့် အချက်အလက်များကိုလည်းကောင်း၊ တောင်သူများအနေဖြင့် ပုံစံ(၇)အမည်ပြောင်း လျှောက်ထားခြင်းကိုလည်းကောင်း၊ နေကြာသီးညှပ်စိုက်ပျိုးခြင်းအတွက် မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေးကိုလည်းကောင်း၊ ပဲတီစိမ်း(ဆောင်း) စိုက်ပျိုးမည့်တောင်သူများ စာရင်းပြုစုတင်ပြ ခြင်းကိုလည်းကောင်း၊ ကျေးရွာမီးလင်းရေးကော်မတီမှ ကျေးရွာအတွင်း မီတာခများကောက်ခံ၍ ဌာနသို့ ပေးသွင်းနှင့်ပတ်သက်၍လည်းကောင်း၊ သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားလိုင်းအား ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ လည်းကောင်း၊ တိုင်းဒေသကြီး/ခရိုင်အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိရေးအတွက် သိရှိလိုသည်များကိုလည်းကောင်း၊ ဒေသခံပြည်သူများ၏ တင်ပြဆွေးနွေးမှုများအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ကွင်းဆင်းဆောင်ရွက်ပေးကြပြီး ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - သက်နောင်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)