ပန်လုံမြို့၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(ဒုတိယအကြိမ်)ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်လုံမြို့၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(ဒုတိယအကြိမ်)ထိုးနှံပေး




MNP - ဩဂုတ်   ၁၁


“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) (ဒုတိယအကြိမ်) ထိုးနှံခြင်းကို ယမန်နေ့၊ နေလယ် (၁)နာရီအချိန်က ပန်လုံမြို့၊ အထကကျောင်းတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါကာကွယ်ဆေးထိုးလုပ်ငန်းကို မြို့အုပ်ချုပ်ရေးမှူးဦးအာကာထွန်းသိန်းက အနီးကပ်ကြီးကြပ်၍ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဆရာ/ဆရာမများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးမည့် ကျောင်းသား/ကျောင်းသူများအား လက်သန့်ဆေးရည်ဖြင့် လက်ဆေးပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ စာရင်းသွင်းခြင်းတို့ ပြုလုပ်ပြီးနောက် ကျောင်းသား/ကျောင်းသူများအား အာဟာရဖြည့်အချိုရည်နှင့်ချိုချဉ်များ ဖြန့်ဝေပေးခဲ့သည်။


ယနေ့တွင် ပန်လုံမြို့၊အထကကျောင်းမှ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်း သား/ကျောင်းသူ ကျား(၂၀၂)ဦး၊ မ(၁၈၃)ဦး၊ စုစုပေါင်း(၃၈၅)ဦးတို့ကို ကာကွယ်ဆေးထိုးနှံ ပေးနိုင်ခဲ့ကြောင်း မြို့အုပ်ချုပ်ရေးမှူးထံမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)