တောင်ကြီးမြို့မှ အမျိုးသမီးငယ် ၂ဦး ဝပြည်နယ်တွင် ရောင်းစားခံထားရသဖြင့် ဆက်သွယ်၍ အကူအညီ တောင်းခံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကြီးမြို့မှ အမျိုးသမီးငယ် ၂ဦး ဝပြည်နယ်တွင် ရောင်းစားခံထားရသဖြင့် ဆက်သွယ်၍ အကူအညီ တောင်းခံ



MNP ၊ သြဂုတ် ၁၂

တောင်ကြီးမြို့မှ အမျိုးသမီးငယ် ၂ဦးကို အလုပ်ရရှိမည်ဟု ပြောပြီး ကုလားတစ်ယောက်က ခေါ်ဆောင်သွားကာ ဝပြည်နယ်၊ ပန်ဆန်းမြို့တွင် ရောင်းစားထားခဲ့သဖြင့် ကူညီကယ်တင်ပေးရန် မြန်မာနေရှင်နယ်ပို့စ်သို့ ဆက်သွယ်ပြောဆိုလာသည်။

ညီအစ်မနှစ်ဦး အနက်မှ အကြီးဖြစ်သူက သူမ၏ အဒေါ်ထံမှ မြန်မာနေရှင်နယ်ပို့စ်၏ ဖုန်းနံပါတ်ကို ရရှိပြီး ဆက်သွယ်ပြောဆိုလာရာတွင် "ကျွန်မတို့ကို ဒီခေါ်လာတာ ၄ရက် ရှိပြီ။ ဟိုအလုပ် လုပ်ခိုင်းထားတာ။ ပိုက်ဆံလည်း မရဘူး။ ကျွန်မတို့ ညီအစ်မ ၂ယောက်စလုံးရဲ့ ဖုန်းကိုလည်း သိမ်းထားတယ်။ ညီအစ်မ ၂ယောက်ကိုလည်း တစ်နေရာစီ ခွဲထားတယ်။ အဆက်အသွယ်လည်း မရဘူး။ ဝပြည်နယ် ပန်ဆန်းမြို့မှာပါ။ အဒေါ်ကို ဆက်သွယ်လိုက်လို့ အဒေါ်က သူလည်း မကယ်နိုင်လို့ အကိုတို့ ဖုန်းနံပါတ်ကို ပေးတာပါ။ အခု ကျွန်မတို့က ပြန်ချင်တာရှင်။ ကျွန်မ ညီမလေးကလည်း အခုမှ ၁၃နှစ်ပဲ ရှိသေးတယ်။ သူ့လည်း တရုတ်ပြည်ရောင်းစားမှာလို့ ပြောနေတယ်။ ကျွန်မနာမည်က မစုမြတ်နိုး ပါ။ ညီမလေးနာမည်က စုပြည့်နန္ဒာပါ။ သူတို့ခေါ်လာတုန်းကတော့ ဒီအလုပ်ပဲဆိုပြီး ခေါ်လာတာ။ ကျွန်မတို့ကလည်း လုပ်မယ်ဆိုပြီး လိုက်လာတာ။ အခု ကျွန်မတို့ကို ရောင်းစားသွားတာ။ ပိုက်ဆံလည်း မပေးဘူး။ သမီးဖုန်းကို သိမ်းသွားပြီး မပေးဘူးလို့ ပြောတယ်။ ပါးလာရိုက်သွားသေးတယ်။ ခေါ်လာတာ ကုလားပါ။ သူ့နာမည်လည်း မသိပါဘူး။ ကျွန်မတို့ ညီအစ်မကို ပြန်နိုင်အောင် ကူညီပေးပါ။" ဟု ပြောဆိုသည်။

၎င်းတို့၏ အဒေါ်ဖြစ်သူထံ ဆက်သွယ်မေးမြန်းရာ -

မေး - မကြီး ကျွန်တော် မြန်မာနေရှင်နယ်ပို့စ် က နောင်တော်လေး ပါ

ဖြေ - ကျွန်မတူမလေးတွေ ဒုက္ခရောက်နေတယ်ဆိုလို့ ကိုနောင်တော်လေး ဖုန်းနံပါတ် ပေးလိုက်မိတယ်ရှင့်။ ကယ်နိုင်လို ကယ်နိုင်ငြားပါရှင်။

မေး - မကြီးတို့က သူတို့ကို အလုပ် လုပ်ဖို့ ထည့်လိုက်တာလား

ဖြေ - ကျွန်မတို့က မထည့်ဘူး။ ကျွန်မလက်ထဲကနေမှ သူတို့ ညီအစ်မ ၂ယောက် မြို့သစ်က အထည်ဆိုင်မှာ အလုပ်ရတယ်ဆိုပြီးတော့ သူတို့ လုပ်တာ။ အဲဒီကနေမှ ပါသွားကြတာ။ ကျွန်မလည်း မသိလိုက်ဘူး။ အခု ဒုက္ခရောက်မှ အဒေါ်ကို လှမ်းဆက်သွယ်တာ။ အခုက သူ့ညီမလေး နဲ့လည်း ခွဲထားတယ်တဲ့။ မတွေ့ရဘူး။ 

မေး - ညီအစ်မ ၂ယောက်ရဲ့ အသက်အရွယ်တွေက ဘယ်လောက်တွေ ရှိနေပြီလဲ။

ဖြေ - အကြီးမ စုမြတ်နိုး က ၁၉ နှစ် ပြည့်ပြီ။ အငယ်မလေးကတော့ ၁၃ နှစ်ထဲလောက်ပဲ ရှိအုံးမယ်။ အဖေကလည်း ဆုံးသွားပြီ။ အမေကလည်း နောက်အိမ်ထောင်နဲ့။ ကျွန်မ က ရန်ကုန်ကို အလုပ်ပို့တာ။ သူတို့က မလုပ်နိုင်ဘူး။ သူတို့ အဆက်အသွယ်နဲ့ အလုပ်ရတယ်ဆိုပြီးတော့ ကိုယ်သွင်းပေးတဲ့ဆီက အာမခံချက် အကုန်ရှိတယ်။ ရန်ကုန်မှာ အိမ်ဖော် အလုပ်ပါ။ သူတို့ ဖုန်းအဆက်အသွယ်တွေနဲ့ အလုပ်လိုက်သွားကြတာ။ 

မေး - မကြီး ခေါ်သွားတဲ့သူကို သိလား။

ဖြေ - ကျွန်မ မသိလိုက်ဘူး။ သူတို့ဟာသူတို့ လိုက်သွားကြတာ။ သူ့ကို အစအဆုံးမေးမှ သိမှာပဲ။ သူ့ဖုန်းကိုလည်း သိမ်းထားတယ်တဲ့။


အထက်ဖော်ပြပါ ဖြစ်စဉ်တွင် ကုလားတစ်ဦးက အလုပ်ရမည်ဟုဆိုကာ လိမ်ညာခေါ်ဆောင်သွားပြီး ရောင်းစားခြင်း ခံထားသော အမျိုးသမီးငယ် ၂ဦး အား သက်ဆိုင်ရာ ဝပြည်နယ်၊ ပန်ဆန်းမြို့မှ တာဝန်ရှိသူများ အနေဖြင့် ကူညီကယ်တင်၍ ၎င်းတို့၏ နေရပ်ထံ ပြန်လည် ပို့ဆောင်ပေးနိုင်ပါရန် မေတ္တာရပ်ခံ အပ်ပါသည်။


(အဒေါ်ဖြစ်သူထံ ခွင့်တောင်း၍ သက်ဆိုင်ရာ တာဝန်ရှိသူများ ကူညီပေးနိုင်ရန် ညီအစ်မ ၂ယောက် ၏ ဓာတ်ပုံကို ဖော်ပြခြင်းဖြစ်ပါသည်။)


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)