ပျဉ်းမနားမြို့၌ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပျဉ်းမနားမြို့၌ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်လှစ်



MNP - ဩဂုတ်   ၃၁


ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့နယ်တွင် လူကုန်ကူးမှုဆိုင်ရာ အသိပညာများရရှိစေရန်၊ လူကုန်ကူးခံရသူဖြစ်ကြောင်း ကနဦးစိစစ်သတ်မှတ်နိုင်ရန်၊ လူကုန်ကူးမှုစိစစ်ဖော်ထုတ်သည့် မှတ်တမ်းအသုံးပြုတတ်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် ရပ်ရွာအခြေပြုလူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။


အဆိုပါအခမ်းအနားတွင် မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်းက လူကုန်ကူးမှုဟာလူသားအချင်းချင်းကို ရောင်းကုန်ပစ္စည်းသဖွယ်သဘောထားပြီး နှိပ်စက်ညှင်းပန်းခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခြင်း၊ ပြည့်တန်ဆာပြုခြင်းများကြောင့် လူကုန်ကူးခံရသူတစ်ဦး၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ အကျင့်သိက္ခာနှင့်အသက်ခန္ဓာတို့ကို များစွာညိုးနွမ်းပျက်စီးစေသည့်အတွက် နိုင်ငံတော်အနေဖြင့် ၁၉၉၇ ခုနှစ်ကစပြီး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ချမှတ်ကာ အရှိန်အဟုန်မြှင့်တိုက်ဖျက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှသင်ကြားရှင်းလင်းသည့်အကြောင်းအရာများကို စနစ်တကျလေ့လာသင်ယူပြီး မြေပြင်လုပ်ငန်းခွင်တွင် အကျိုးရှိရှိ အသုံးချဆောင်ရွက်သွားကြဖို့လိုကြောင်း ရှင်းလင်းပြောကြားသည်။


အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၅၀)ဦး တက်ရောက်ပြီး၊ လူကုန်ကူးမှုများ ဖြစ်ပေါ်လာခြင်းနှင့်တွန်းအား ဆွဲအားများ၊ လူကုန်ကူးမှုလူမှောင်ခိုမှု၊ တရားမဝင်ရွှေ့ပြောင်းသွားလာမှုခြားနားချက်များ၊ ကမ္ဘာ့နှင့်မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော လူကုန်ကူးမှုများ၊ လူကုန်ကူးမှု၏ ဆိုးကျိုးများနှင့် လူကုန်ကူးခံရသူများ၏ အခွင့်အရေးများ၊ တရားစွဲဆိုရေးလုပ်ငန်းစဉ်နှင့်လူကုန်ကူးခံရသူများ၏ အရေးပါမူ၊ လူကုန်ကူးမှုတားဆီးနှိမ်းနင်းရေး ဥပဒေနှင့် လူကုန်ကူးခံရသူဖြစ်ကြောင်း စိစစ်ဖော်ထုတ်ခြင်း၊ လူကုန်ကူးမှုဖြစ်စဉ်(၃)ဆင့်နှင့် စိစစ်ဖော်ထုတ်ရေး ပုံစံများအသုံးပြုခြင်းပညာရပ်များကို ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်အမှတ်(၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု တပ်ဖွဲ့စုမှူးရုံးမှ ယာယီရဲမှူး မြင့်အောင်၊ အမှတ်(၃)လူကုန်ကူးမှတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(တပ်ကုန်း)ရဲတပ်ဖွဲ့မှ ရဲအုပ်ဟန်ဇော်တို့က သင်တန်းကာလ(၂)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ဇော်မင်းလွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)