ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင်‌ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာ‌ရေးကျောင်းများမှ ကျောင်းသား/သူများ ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိအကြိမ်(၆၈၀)ဦး ဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင်‌ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာ‌ရေးကျောင်းများမှ ကျောင်းသား/သူများ ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိအကြိမ်(၆၈၀)ဦး ဆက်လက်ထိုးနှံ



MNP - ဩဂုတ်   ၉


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ကျောင်းများတွင် တက်ရောက်ပညာ သင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ်ထိုးနှံပြီးသူများ (ဒုတိယအကြိမ်)ဆက်လက် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၉:၀၀)နာရီမှစ၍ အခြေခံပညာကျောင်းများဖြစ်သော အမှတ်(၂၀)၊ အမှတ်(၆)၊ အခြေခံပညာမူလတန်းကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများဖြစ်သော ညောင်တုန်း၊ အေးရိပ်သာ၊ မာဂဓိသာစည်ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများတွင် ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။


ဒဂုံမြိူ့သစ်(အရှေ့ပိုင်းမြို့နယ်တွင် အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများကို  Sinopharm ဒုတိယအကြိမ် အဖြစ်ဆက်လက်ထိုးနှံရာတွင် အမှတ်(၂၀) အခြေခံပညာမူလတန်းကျောင်းမှ(၇၄)ဦး၊ အမှတ်(၆)အခြေခံပညာမူလတန်းကျောင်းမှ (၁)ဦး နှင့်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများဖြစ်သော အေးရိပ်သာ(၅၅)ဦး၊ ညောင်တုန်း(၁၄)ဦး၊ မာဂဓိသာစည်(၅၃၆)ဦး စုစုပေါင်း(၆၈၀)ဦးထိုးနှံပေးခဲ့၍ ၎င်းကျောင်းများတွင် အကြောင်းအမျိုးမျိုးကြောင့် ပထမအကြိမ် မထိုးနှံသူ(၃၅)ဦးအား ဆက်လက်ထိုးနှံပေးခဲ့ကြောင်း၊ ဆေးထိုးနှံရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းများတွင် ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံက သိရသည်။


ထို့နောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေချောမွေ့မှုရှိစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ လူမှုကူညီရေးအသင်းဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ခံကျောင်းအုပ်နှင့် ဆရာ၊ ဆရာမများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းတာဝန်ခံဆရာတော်များ၊ ဆရာ၊ ဆရာမများက ဝိုင်းဝန်း၍ လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။


သတင်း - ဝင်းအိမွန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)