မြစ်ကြီးနားမြို့နယ် အခြေခံပညာအဆင့် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်ကြီးနားမြို့နယ် အခြေခံပညာအဆင့် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပ

 


MNP - ဩဂုတ်   ၉


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် အခြေခံပညာအဆင့် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေးနှင့် အတီးပြိုင်ပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အေးမြသီတာခန်းမ၌ ယနေ့ နံနက် ၉ နာရီက စတင် ယှဉ်ပြိုင်ကျင်းပခဲ့သည်။


အဆိုပါ ပြိုင်ပွဲတွင် မြစ်ကြီးနားမြို့နယ် အခြေခံပညာအဆင့်‌ ကျောင်းပေါင်း (၁၇)ကျောင်းမှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၉၆) ဦးတို့က မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေးနှင့် အတီး (၁၇) မျိုးဖြင့် ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။


မြစ်ကြီးနားမြို့နယ် အခြေခံပညာအဆင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေးနှင့် အတီး ပြိုင်ပွဲကို ဩဂုတ်လ ၉ ရက်‌နေ့မှ ၁၀ ရက်နေ့အထိ (၂) ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ယော်ဆောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)