စလင်းမြို့နယ်တွင် ဒေသခံပြည်သူများအား စားနပ်ရိက္ခာထောက်ပံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ်တွင် ဒေသခံပြည်သူများအား စားနပ်ရိက္ခာထောက်ပံ

 

MNP - သြဂုတ်   ၂၅


မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်စလင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ဆန်၊ ဆီ၊ ကြက်ဥတို့ကို စလင်းမြို့ဆီစက်ပိုင်ရှင် ဦးဖိုးသာက မိခင်ကြီးဒေါ်တင်တင် ကွယ်လွန်ခြင်း (၁၆) နှစ်ပြည့်ရည်စူး၍ ယနေ့နံနက်ပိုင်းမှစတင်ကာ လှူဒါန်းမှုပြုလုပ်ခဲ့ကြောင်း သိရသည်။


စလင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား လူတစ်ဦးလျှင် ဆန်တစ်ပြည်၊ ဆီ ၅၀ ကျပ်သားတစ်ဘူးနှင့် ကြက်ဥ ၅ လုံးတို့ကို စလင်းမြို့ဆီစက်ပိုင်ရှင် ဦးဖိုးသာမှ မိခင်ကြီးဒေါ်တင်တင်ကွယ်လွန်ခြင်း (၁၆) နှစ်ပြည့်ရည်စူး၍ ဦးဖိုးသားမိသားစုနှင့် မိတ်ဆွေအပေါင်းအသင်းများမှ ဝိုင်းဝန်းကူညီ လှူဒါန်းခဲ့သည်။


ထိုသို့လှူဒါန်းမှုပြုလုပ်ရာတွင် လူတစ်ဦးလျှင် ဆန်တစ်ပြည်၊ ကြက်ဥ ၅ လုံးစီနှင့် ဆီ ၅၀ ကျပ်သားစီဝေငှခဲ့ကာ စုစုပေါင်း ဆန်တစ်ပြည်အိပ် ၁၂၀၀၊ ကြက်ဥ ၅ လုံးစီအထုပ် ၁၂၀၀၊ ဆီ ၅၀ သားဘူး ၁၂၀၀ တို့အား ပြည်သူလူထုလက်ဝယ်အရောက် ဆီစက်ပိုင်ဦးဖိုးသာမှ လှူဒါန်းခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)