ပေါက်တောမြို့၌ မွေးစမှအသက်တစ်နှစ်အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်လျက်ရှိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပေါက်တောမြို့၌ မွေးစမှအသက်တစ်နှစ်အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်လျက်ရှိ

 

021

020

MNP ၊  သြဂုတ် ၁

ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊  မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကလေးငယ်များအား မွေးစမှအသက်တစ်နှစ်အောက်ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၀နာရီအချိန်ကစတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


 အဆိုပါပုံမှန်ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းများဆောင်ရွက်ရာတွင် မွေးစမှအသက်တစ်နှစ်အောက် ကလေးများအားဘီစီဂျီ ၊ ပိုလီယို၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ) - ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပိုလီယိုကာကွယ်ဆေးထိုးဆေး၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ) ၊ ဝက်သက် -ဂျိုက်သိုးစသည့် ကာကွယ် ဆေးများကို မွေးစမှ အသက်(၂)လ၊ အသက်(၄) လ၊ အသက် (၆)လ၊ အသက်(၉)လနှင့်အသက်တစ်နှစ်အထိကလေးငယ်များအားသတ်မှတ်ဆေးထိုးရက်များအလိုက် ရပ်ကွက်/ ကျေးရွာများသို့ကွင်းဆင်း၍ ကျန်းမာရေးဝန်ထမ်းများက အကြိမ်ရေအလိုက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages