မြန်အောင်မြို့နယ် သမဝါယမအသင်းစု လီမိတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် ဒါရိုက်တာအဖွဲ့ ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်အောင်မြို့နယ် သမဝါယမအသင်းစု လီမိတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် ဒါရိုက်တာအဖွဲ့ ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကျင်းပ

 



MNP - သြဂုတ်   ၉


ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် သမဝါယမအသင်းစု လီမိတက်၏ (၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်) (၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်) နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် ဒါရိုက်တာအဖွဲ့ ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို ယနေ့ နံနက်က မြန်အောင်မြို့ သမဝါယမအသင်းစုရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် သဘာပတိ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးသန်းထွန်းက မြို့နယ် သမဝါယမအသင်းစု၏ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းက မြို့နယ်အတွင်း ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍများနှင့် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ကဏ္ဍများနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုအခြေအနေများကို ပြောကြား၍  မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ  ဦးဝင်းနိုင်က အမှာစကားပြောကြားခဲ့သည်။


ဆက်လက် (၂၀၂၀-၂၀၂၁)-(၂၀၂၁-၂၀၂၂) ဘဏ္ဍာရေးနှစ်များအတွက် အသင်ဒါရိုက်တာအဖွဲ့ အစီရင်ခံစာ၊ အသင်းသားစာရင်းစစ်အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြားတင်သွင်းအတည်ပြုချက်များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  


ထို့နောက် တိုင်းဒေသကြီးအဆင့် ဖွဲ့စည်းရေးကော်မတီဥက္ကဋ္ဌ  ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညွန့်ဆွေနှင့် တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးစောအင်ဒရူးပန်းတို့က မြို့နယ်သမဝါယမအသင်းစု၏ အမှုဆောင် ဒါရိုက်တာအဖွဲ့  ရွေးချယ်အတည်ပြုခြင်း၊ တာဝန်ခွဲဝေသတ်မှတ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)