ရွှေတောင် မြို့နယ် တွင်၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများနှင့်ဂုဏ်ထူးရအောင်သင်ကြားပေးသော ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင် မြို့နယ် တွင်၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများနှင့်ဂုဏ်ထူးရအောင်သင်ကြားပေးသော ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ




MNP ၊ သြဂုတ် ၁၀

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်၊ သရက်တောရပ်ကွက်၊ အထက ( ခွဲ) သရက်တောကျောင်းတွင်ယနေ့ နံနက်ပိုင်းက ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တွင် ဂုဏ်ထူးရကျောင်းသား၊ကျောင်းသူများနှင့်ဂုဏ်ထူးရအောင်သင်ကြားပေးသောဆရာ၊ဆရာမများအားဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပခဲ့သည်။

အခမ်းအနားတွင် အထက ( ခွဲ) သရက်တော ကျောင်းသား ၊ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့်ဂုဏ်ပြုသီဆို၍ အခမ်းအနားကိုဖွင့်လှစ်ပေးခဲ့ပြီး အထက( ခွဲ)သရက်တော ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်စောက  ကျောင်း ၏ဖွံ့ဖြိုးတိုးတက်မှုများရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ၊ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ( ပြည်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦး နှင့်တက်ရောက်လာသောဌာနဆိုင်ရာအကြီးအကဲများက၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တွင် ဂုဏ်ထူးရကျောင်းသား၊ကျောင်းသူများနှင့်ဂုဏ်ထူးရအောင်သင်ကြားပေးသောဆရာ၊ဆရာမများအားဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြသည်။

အဆိုပါ ဆုချီးမြှင့်ပွဲတွင် ( ၄)ဘာသာဂုဏ်ထူးရကျောင်းသူ ( ၁) ဦး ( ၁)ဘာသာ ဂုဏ် ထူးရကျောင်းသား၊ကျောင်းသူ ( ၅)ဦး ၊ရိုးရိုးအောင်မြင်သူ ( ၁၈)ဦး ထူးချွန်စွာအောင်မြင်ခဲ့ပြီးအခမ်းအနားသို့ပဲခူးတိုင်းဒေသကြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ( ပြည်) ဒေသကွပ်ကဲရေးမှူးဗိုလ်မှူးချုပ်အောင်နိုင်ဦး၊ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းလွင် ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ဆရာ၊ဆရာမများ၊ကျောင်းသား၊ကျောင်းသူများ၊ကျောင်းသားမိဘများ၊ကျောင်းအကျိုတော်ဆောင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ဝင်များစုစုပေါင်းအင်အား (၂၅၀) ဦးခန့်တက်ရောက်ခဲ့ကြကြောင်းသိရသည်။


သတင်း - ကိုကိုမင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)