MNP ၊ ဩဂုတ် ၁
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Booster -Does ) စတုတ္ထအကြိမ်မြောက် ထပ်ဆောင်း ထိုးနှံပေးခြင်းကို ယနေ့နံနက်မှစ၍ သံတွဲမြို့ဒွါရာဝတီ မြို့နယ်ခန်းမ ဆေးထိုးစင်တာ၌ ကျန်းမာရေးဝန်ထမ်းများက စတင်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Booster Does ) စတုတ္ထအကြိမ်မြောက် ထပ်ဆောင်း ထိုးနှံပေးခြင်းကို သံတွဲမြို့နယ်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ပညာရေးဌာနရှိ ဆရာ၊ဆရာမများနှင့်ဝန်ထမ်းများအားလုံးကို ပထမနေ့ အဖြစ်စတင်ထိုးနှံပေးလျက်ရှိပြီး ကျန်ရှိသည့်ဌာနဆိုင်ရာဝန်ထမ်းများအား ဦးတည်အုပ်စုများအလိုက် ဆက်လက်ထိုးနှံကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment