သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူကုန်ကူးမှု တားဆီးနှိပ်နင်းရေး ဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူကုန်ကူးမှု တားဆီးနှိပ်နင်းရေး ဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်

 



MNP - ဩဂုတ်   ၁၁


ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် လူကုန်ကူးမှု တားဆီးနှိပ်နင်းရေးဆိုင်ရာ အသိပညာပေး(Talk Show)ကို ယနေ့ ဩဂုတ်လ ၁၀ ရက်နေ့ နေလည် ၁၁ နာရီအချိန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။


ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါလဲ့လဲ့ဝင်းမှ လူကုန်ကူးမှု တားဆီးနှိပ်နင်းရေးဆိုင်ရာ အကြောင်းသိကောင်းစရာ အသိပညပေး(Talk Show) ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဥပ‌ဒေဦးစီးအရာရှိ ဒေါ်ရတနာဝင်းမှ လူကုန်ကူးမှုဆိုတာကတော့ ပုဂ္ဂိုလ်တစ်ဦးဦးက အခြားသူ တစ်ဦးတစ်ယောက်ကို ထိုသူရဲ့သဘောတူညီမှုရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခေါင်းပုံဖြတ်ခြင်း ပြုရန်အလို့ငှာ ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း၊ အခြားနည်းဖြင့် အနိုင်အထက်ပြုခြင်း၊ သွေးဆောင်ခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ လုပ်ပိုင်ခွင့်(သို့) အခွင့်အာဏာကို အလွဲသုံးစားပြုခြင်း၊ ဘဝရပ်တည်ရန်ခက်ခဲနေသော အခြေအနေကို အခွင့်ကောင်းယူ၍ အလွဲသုံးစားပြုခြင်း၊ ထိုသူအပေါ်ချုပ်ကိုင်နိုင်သူ(သို့) တစ်နည်းနည်း လွှမ်းမိုးနိုင်သူ၏ သဘောတူညီချက်ရရှိရန် ငွေကြေး၊ လက်ခံရယူခြင်းတို့ကိုပြောင်းခြင်း၊ ခိုလှုံခွင့်ပေးတာ ပစ္စည်း(သို့)အခြား အကျိုးအမြတ် တစ်စုံတစ်ရာကိုပေးခြင်း(သို့) ပြုလုပ်ပြီး ထိုသူကို သိမ်းသွင်းစုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ ငှားရမ်းခြင်း၊ ငှားယူခြင်း၊ လက်ခံတာတို့ အခြားနိုင်ငံကို ကာမဆိုင်ရာကျွန်ပြုရန်၊ ပြည့်တန်ဆာ ပြုလုပ်ရန်၊ အဓမ္မအလုပ်ခိုင်းစေရန်၊ သားမယားအဖြစ် ကျွန်ပြုစေရန်၊ ခန္ဓာကိုယ်အစိတ်အပိုင်းကို ထုတ်ယူဖယ်ရှားရောင်းချရန်၊ ကျွေးမြီဖြင့်နှောင်ဖွဲ့ခိုင်းစေရန် တို့အတွက် ငွေနဲ့သော်လည်းကောင်း၊ အခြားအကြောင်းအရာတစ်ခုခုဖြင့် သော်လည်းကောင်း မက်လုံးပေးပြီး သွေးဆောင်ကာ ရောင်းချခြင်းခံရတာလို့ သိကြပါတယ်၊ ယခုမျက်မှောက်မှာတော့ လူကုန်ကူးခံရသူတွေဟာ အမျိုးသမီးတွေအပြင် အမျိုးသား၊ လူငယ်နှင့်ကလေးသူငယ်တွေလည်း ပါဝင်နေပါတယ်။


ထို့နောက် လူကုန်ကူးမှုတွေဖြစ်ပွားရတဲ့ အကြောင်းကတော့ အဓိကအချက်တွေအနေနဲ့ အယုံလွယ်တာ၊ ငွေရေးကြေးရေးအဆင်မပြေတာ၊ လူမှုရေးအဆင်မပြေတာတွေကြောင့် အများဆုံး ဖြစ်ပွားလေ့ရှိတဲ့အပြင်၊ မိမိပိုင်ဆိုင်တာတွေကို ရင်းနှီးပြီး အခြားသောနိုင်ငံရပ်ခြား ဒေသများသို့ တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်လိုခြင်း တို့ကြောင့် ဖြစ်ပွားကြပြီး၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားငယ်တဲ့ အချို့အမျိုးသမီးတွေ၊က လေးသူငယ်တွေ၊ လူငယ်တွေကို အဓိကပြစ်မှတ်ထားပြီး အများဆုံးကျူးလွန်ကြတာဖြစ်ပါတယ်။ လူကုန်ကူးတဲ့သူတွေဟာ သူစိမ်းတွေဖြစ်နိုင်သလို မိမိရဲ့သူငယ်ချင်း၊ မိတ်ဆွေ၊ ဆွေမျိုးများမှလည်း ဖြစ်နိုင်ပါတယ်။ နောက်ပြီးတော့ မိသားစုအတွင်းရေးပြဿနာတွေကြောင့် မိဘတွေအနေနဲ့လည်း ကိုယ်ရဲ့သားသမီးတွေကို လမ်းမှားပေါ် ရောက်အောင် တွန်းပို့ပေးနိုင်တဲ့ အနေအထားမျိုးတွေကြောင့်လည်း လူကုန်ကူးမှုတွေ ဖြစ်ပွားနိုင်ပါတယ်၊ နယ်စပ်ဒေသတွေမှာ အသိပညာပိုင်းအရအားနည်းတဲ့ ကျေးလက်တောရွာဒေသတွေမှာ ဖြစ်ပွားမှုများပါတယ် စသည်ဖြင့် အသိပညာပေးဆွေးနွေးပြောကြားခဲ့သည်။


သတင်း - မျိုးဇော်သိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)