MNP - သြဂုတ် ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club နှင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခေါန်မိုင်က စာဖတ်သည့်အလေ့အထဖြစ်ပေါ်စေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်၊ စာဖတ်ခြင်းအကျိုးကျေးဇူးများကိုသိရှိ၍ စာပေဖတ်ရူပြီးအချင်းချင်း ပြန်လည်မျှဝေတတ်စေရန်၊ စာပေချစ်မြတ်နိုးသူများအချင်းချင်း ချစ်ခင်ရင်းနှီးမှုပိုမိုရရှိစေရန်နှင့် စာပေကို တန်ဖိုးထားမြတ်နိုးတက်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး စာအုပ်စာစောင်ချစ်မြတ်သူများအသင်း (Book Club)များမှ စာရေးဆရာဖေမြင့်၏ အပြောင်မြောက်ဆုံး ဘဝတစ်ခုကိုတည်ဆောက်ခြင်း စာအုပ်ပါအကြောင်းအရာများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး တက်ရာက်လာသည့် စာပေမြတ်နိုးသူများက ၎င်းတို့၏အတွေးအမြင်များကို အသီးသီးအပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
စာပေချစ်မြတ်နိုးသူများအဖွဲ့(Book Club)နှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို တာမိုးညဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ လစဉ်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ခေါန်မိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment