ဆဒုံးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆဒုံးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်းကျင်းပ



MNP - သြဂုတ်   ၂၉


ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမ၌ သြဂုတ် ၂၆ ရက်နေ့ မွန်းတည့် (၁၂) နာရီက စာရေးဆရာမ ဒေါက်တာ မတင်ဝင်း (ပညာရေးတက္ကသိုလ်)၏ "ကြီးပွားသူ ထူးချွန်သူတို့နှင့် အလုပ်" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်၊၊


ရှေးဦးစွာ ဆဒုံးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ခင်မာဝင်းက စာဖတ်သူများ အနေဖြင့် အသင်းအဖွဲ့အလိုက် ဆောင်ရွက်တတ်စေရန်၊ စာအုပ်စာပေများအား ဖတ်ရှုပြီး ပြန်လည်မျှဝေတတ် စေရန်၊ အကောင်းအဆိုး၊ အမှားအမှန်သိရှိစေရန်နှင့် အသိပညာ ဗဟုသုတကြွယ်ဝ တိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်၊၊


ထို့နောက် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) မှ အသင်းဝင် မဆိုင်းနန်၊ မဂျာအိန်၊ မောင်ဉာဏ်မင်းခန့်၊ မဆိုင်းလုနှင့် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများက "ကြီးပွားသူ ထူးချွန်သူတို့နှင့် အလုပ်" စာအုပ်ပါခေါင်းစဉ်များအလိုက် မိမိတို့ဖတ်ရှု နားလည်မှုများကို အပြန်အလှန်ဆွေးနွေး ကြခဲ့ကြသည်။


သတင်း - ခင်မာဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)