ပုဏ္ဏားကျွန်းမြို့၌ နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Covaxin)ထပ်ဆောင်း စတုတ္ထအကြိမ် ဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌ နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Covaxin)ထပ်ဆောင်း စတုတ္ထအကြိမ် ဆက်လက်ထိုးနှံ





MNP ၊ သြဂုတ် ၂၆

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ  နိုင်ငံ့ဝန်ထမ်းများကို  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(၃)ကြိမ်ဆက်တိုက်ထိုးနှံပြီးစီးသူများအား စတုတ္ထအကြိမ်အဖြစ် ထပ်ဆောင်း (Covaxin) ဆေးအမျိုးအစားအား ဆက်လက် ထိုးနှံပေးခြင်းကို  ယနေ့၊ နံနက်(၁၀)နာရီက ပုဏ္ဏားကျွန်းမြို့ လောကမာရဇိန်  ဘုရားကြီးသိမ်တော်၌ ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးလှရွှေ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်စစ်ထွန်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက  စတုတ္ထအကြိမ်အဖြစ်  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများကို ကာကွယ်ဆေးမထိုးနှံမှီ ကိုယ်အပူရှိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပမာဏတိုင်းတာခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး၊ ကျန်းမာရေးဝန်ကြီးဌာန၏  ကိုဗစ်-၁၉ ကာကွယ်ရေး  ညွှန်ကြားချက်များနှင့်အညီ ယမန်နေ့က စတုတ္ထအကြိမ် (Covaxin)ထိုးနှံသည့် နိုင်ငံ့ဝန်ထမ်း ၂၀၆ ဦးနှင့် ထပ်ဆောင်း Booster ထိုးနှံသည့် ပြည်သူ ၂၇ ဦးတို့ကို ထိုးနှံပေးနိုင်ခဲ့ပြီး၊ ယနေ့တွင် ပညာရေးဝန်ထမ်းမိသားစုများအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)