ပေါက်တောမြို့၌ ကူးတို့စက်လှေများတွင် အသက်ကယ်အင်္ကျီ (Life-jacket)ရှိ မရှိ ကွင်းဆင်း စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့၌ ကူးတို့စက်လှေများတွင် အသက်ကယ်အင်္ကျီ (Life-jacket)ရှိ မရှိ ကွင်းဆင်း စစ်ဆေး




MNP ၊ ဩဂုတ် ၂၆

ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့ ရပ်ကွက်( ၃)ရှိ ဘုတ်ဆိပ်၌ ကူးတို့စက်လှေများတွင် စီးနင်းသူ ခရီးသွားပြည်သူများ အသက်အန္တရာယ် ကင်းရှင်းစေရန် အတွက် ယနေ့ နံနက် ၁၀ နာရီက ပေါက်တောမြို့နယ် မီးသတ်ဦးစီးဌာန နှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကူးတို့ စက်လှေများတွင် အသက်ကယ်အင်္ကျီ(Life-jacket)ရှိ မရှိ လိုက်လံကြည့်ရှုစစ်ဆေးကြသည်။

ထို့ပြင် ကူးတို့စက်လှေများတွင် စီးနင်းသူ ခရီးသွားပြည်သူများ အသက်အန္တရာယ် ကင်းရှင်းစေရန် အတွက် အသက်ကယ်အင်္ကျီ(Life-jacket) ဝတ်ဆင်အသုံးပြုနည်းအဆင့်ဆင့်ကို သရုပ်ပြသကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)