ပြည်သူများ စာပေဖတ်ရှု့မှု ပိုမိုမြင့်မားလာစေရေး mobile စာငှားစနစ်ဖြင့် စာအုပ်များငှားရမ်းပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူများ စာပေဖတ်ရှု့မှု ပိုမိုမြင့်မားလာစေရေး mobile စာငှားစနစ်ဖြင့် စာအုပ်များငှားရမ်းပေး

 


MNP - ဩဂုတ်   ၁၁


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံ‌မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန် များကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်သည့်အလေ့အထကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၁ နာရီက နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ က ဒေါပုံမြို့နယ်စီမံကိန်းရုံးသို့ နယ်လှည့်စာကြည့်တိုက်အဖြစ် ကွင်းဆင်း ဆောင်ရွက်ကာ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။


 ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊‌‌‌‌ ဒေါပုံမြို့နယ်ရုံးအနေဖြင့် mobile စာငှားစနစ်ဖြင့် ကျောင်းများ၊ ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များလှည့်လည်၍ ငှားရမ်းခြင်းများကို တစ်လလျှင် (၁)ကြိမ် ဆောင်ရွက်ပေးလျှက်ရှိပြီး စာကြည့်တိုက်သို့မလာရောက်နိုင်သည့် ကလေးငယ်များနှင့် မိဘပြည်သူများအတွက် online မှ တစ်ဆင့် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဖတ်ခြင်း၊ စာအုပ်မိတ်ဆက်ခြင်းနှင့် အခြားဗဟုသုတရဖွယ် အစီအစဉ်များကို တင်ဆက်ပေးလျှက်ရှိကြောင်း သိရသည်။


သတင်း - သူဇာဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)