တန့်ဆည်မြို့နယ်တွင် PDF အကြမ်းဖက်သမားများက ဓားပြတိုက် တခြားရွာမှ PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးထားပြီး သတ်ပစ်မည်ဟုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တန့်ဆည်မြို့နယ်တွင် PDF အကြမ်းဖက်သမားများက ဓားပြတိုက် တခြားရွာမှ PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးထားပြီး သတ်ပစ်မည်ဟုဆို




MNP ၊ သြဂုတ် ၉

တန့်ဆည်မြို့နယ်၊ မောက်တက်ကျေးရွာတွင် ယမန်နေ့ (၈-၈-၂၀၂၂) ရက်နေ့က PDF အကြမ်းဖက်အဖွဲ့ဝင် ၄ဦးက ဓားပြဝင်တိုက်သွားခဲ့ရာ ရွာသားများက အခြား PDF အဖွဲ့ဝင်များကို တိုင်ကြားခဲ့ရာ ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံတစ်ဦးက "မောက်တက်ရွာသားတွေက တခြားမှာနေတဲ့ PDF ကို လှမ်းတိုင်တယ်။ ဓားပြတိုက်သွားတဲ့ PDF လေးယောက်ကို လမ်းက စောင့်ပြီး ဖမ်းလိုက်ကြတယ်။ ၄ယောက်လုံး ဖမ်းမိတယ်။ ဓားပြတိုက်တဲ့ PDF ထဲမှာလည်း မောက်တက်ရွာသား ၂ယောက် ပါတယ်။ သစ္စာကုန်းရွာက ၁ယောက်၊ သဲစားရွာက ၁ယောက်။ သူတို့ကိုင်ဆောင်လာတဲ့ သေနတ်တွေက KIA ထုတ် M 22 - ၁လက် ပါတယ်။ လက်လုပ် သေနတ် ၃လက်ပါတယ်။ သစ္စာကုန်းရွာ PDF အဖွဲ့က လက်နက်တွေ။ သစ္စာကုန်းရွာသားတွေဆီက ငွေကောက်ခံပြီး ဝယ်ထားတဲ့ လက်နက်တွေ။" ဟု ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မောက်တက်ရွာ PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးထာခြင်းဖြစ်ရာ သစ္စာကုန်းရွာနဲ့ သဲစားရွာမှ PDF အကြမ်းဖက်သမားများက သူတို့ရွာသားများကို သတ်လျှင် မောက်တက်ရွာကို မီးရှို့မည်ဟု ပြောဆိုကြောင်း၊ မောက်တက် PDF အကြမ်းဖက်အဖွဲ့ကလည်း ဓားပြတိုက်မှု ကျူးလွန်ခဲ့သည့် PDF အကြမ်းဖက်သမားများကို သတ်ပစ်မည်ဟု သတင်းလွှင့်ထားကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)