လှိုင်းဘွဲမြို့နယ် မျိုးသန့်ခြံမှ ဆင်းသုခ(RS)မျိုးစပါးဖြင့် ‌တောင်သူများစုပေါင်း၍ မိုးစပါးစိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်းဘွဲမြို့နယ် မျိုးသန့်ခြံမှ ဆင်းသုခ(RS)မျိုးစပါးဖြင့် ‌တောင်သူများစုပေါင်း၍ မိုးစပါးစိုက်ပျိုး

 




MNP - ဩဂုတ်   ၁၀


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ဒိုင်းပြကုန်းကျေးရွာအတွင်းရှိကွင်းအမှတ်(၁၅၄၅)၊ ဦးပိုင်အမှတ်- ၂/၃ တောင်သူ ဦးတာပိုနှင့် ဦးကြာတော့တို့၏လယ်မြေ(၁၀)ဧကတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးသန့်ခြံမှ မျိုးစေ့ထုတ်(RS-CS) ဆင်းသုခစပါးမျိုးကိုယမန်နေ့နံနက်ပိုင်းက တောင်သူများနှင့်ရွာသူ၊ရွာသားများစုပေါင်းစိုက်ပျိုးလျက်ရှိသည်။


ဆင်းသုခ(RS)မျိုးစပါးကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂ခုနှစ်၊ မိုးစပါးစိုက်ပျိုးရမည့်ကာလများ၌ တောင်သူများအား အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ပြီး မျိုးသန့်စပါးရရှိနိုင်ရန်အတွက်စိုက်ပျိုးရေးဝန်ထမ်းများကကွင်းဆင်း၍ မျိုးစပါးပျိုးသက်(၂၅)ရက်သားအရွယ်တွင် ထယ်ထိုး ထွန်မွှေထားပြီးသော လယ်မြေပေါ်၌ (၆)တန်း(၁)တန်းလှပ်စနစ်ဖြင့် တောင်သူများကစိုက်ပျိုးကြကြောင်း၊(၁)တန်းလှပ်ထားရသည့် ရည်ရွယ်ချက်များမှာ လူဝင်ထွက်၍ရပြီးပေါင်းမြက်ရှင်းနိုင်ရန်၊ မျိုးကွဲပယ်၍ ရနိုင်ရန်နှင့်သွင်းအားစုမြေဩဇာများထည့် သွင်းနိုင်ရေးအတွက်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ထွက်ရှိလာသောမျိုးသန့်စပါးမျိုးများကို တောင်သူအချင်းချင်းကဆက်လက်ဖြန့်ဖြူး ရောင်းချ၍ စိုက်ပျိုးသွားနိုင်ရန်အတွက်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်နိုင်ဦးက ရှင်းပြသည်။


ဒိုင်းပြကျေးရွာနေတောင်သူများ၊ ရွာသူ/ရွာသားများ၏ ချစ်စရာဓလေ့တစ်ခုမှာ လယ်ပိုင်ရှင်များအချင်းချင်း၊ သူ့လယ်၊ ငါ့လယ်မခွဲခြားပဲရွာလူငယ်၊မောင်မယ်များစုပေါင်း၍ လက်စားလိုက်သဘော မျိုးဖြင့်ပူးပေါင်းပြီး လယ်ယာမြေထွန်ယက်ခြင်း၊ပျိုးထောင်၊ ပျိုးနုတ်ခြင်း၊စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်းလုပ်ငန်းများကို ဝိုင်းကူဆောင်ရွက်ပေးကြကြောင်း၊ စပါးပျိုးနုတ် စိုက်ပျိုးရန်အတွက် လူငှါးမရရှိသောကျေးရွာများသို့ ကျေးရွာနေလူငယ်၊ မောင်မယ်များကသွားရောက်ဝိုင်းကူစိုက်ပျိုးလုပ်ကိုင်ပေးကြပြီး ရရှိသောအခကြေးငွေရန်ပုံငွေများအား ကျေးရွာဘုန်းတော်ကြီးကျောင်း၏ သာသနာရေးရာကိစ္စများအတွက် လှူဒါန်းပေးကြကြောင်း ဒိုင်းပြကျေးရွာရှိ ရပ်မိ/ရပ်ဖများက ပြောဆိုရှင်းပြခဲ့သည်။


သတင်း - လင်းသန့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)