MNP - သြဂုတ် ၂၆
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသည့် အနေဖြင့် "တူယှဉ်နွှဲပျော်ဂီတပွဲတော် Season–2 ပြိုင်ပွဲတွင် တိုင်းဒေသကြီး ကိုယ်စားပြု ပြိုင်ပွဲဝင်များ၏ သီဆိုမှုနှင့် အားပေးဂုဏ်ပြုခြင်း အခမ်းအနားကို သြဂုတ် ၂၄ ရက်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် Level (1) Group A ပြိုင်ပွဲဝင် မလှလှမိုးမှ ပြဌာန်း ‘ငြိမ်းချမ်းခြင်းတေးသီကြစို့’ တေးသီချင်းကိုလည်းကောင်း၊ Level (1) Group C ပြိုင်ပွဲဝင် မောင်စိုးထက်အောင်မှ “လက်ဆင်းကမ်းအမွေ” တေးသီချင်းကို လည်းကောင်း၊ Level (1) Group D ပြိုင်ပွဲဝင် မမေသဲစု “ရွှေခေတ်ဆီသို့” ပြဌာန်းတေးသီချင်း ကိုလည်းကောင်း သီဆိုခဲ့ကြပြီး အဆိုရှင်သုံးဦးတို့မှ စိတ်ကြိုက် တေးသီးချင်းများဖြင့် ဆက်လက်သီဆို ဖျော်ဖြေ ခဲ့ကြသည်။
တေးသီချင်းများ သီဆိုအပြီးတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက (၇၅)နှစ် မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ ‘တူယှဉ်နွှဲပျော်ဂီတပွဲတော် Season 2’ ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် အဆိုရှင်သုံးဦးတို့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရ သည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်အားပေး ကြည့်ရှုခဲ့ ကြကြောင်း သတင်းရရှိသည်။
သတင်း - မြင့်ဟန်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment