မော်လမြိုင်မြို့တွင် တူယှဉ်နွှဲပျော် ဂီတပွဲတော် Season-2 တွင် ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြု ထောက်ပံ့ငွေ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်မြို့တွင် တူယှဉ်နွှဲပျော် ဂီတပွဲတော် Season-2 တွင် ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြု ထောက်ပံ့ငွေ ပေးအပ်



MNP - ဩဂုတ်   ၃၁


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဦးစီးကျင်းပသော (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြုအထိမ်းအမှတ် တူယှဉ်နွှဲပျော်ဂီတပွဲတော် Season-2 သီချင်းသီဆိုမှုပြိုင်ပွဲတွင် မွန်ပြည်နယ် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်(၃)ဦးအား ဂုဏ်ပြုထောက်ပံ့ငွေ ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့သည်။


ဂုဏ်ပြုထောက်ပံငွေပေးအပ်ရာတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး‌ဇော်လင်းထွန်းက ပြည်နယ်ကိုယ်စားပြု ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲဝင်(၃)ဦးအနေဖြင့် မိမိတို့ပြည်နယ်၏ ဂုဏ်ကိုဆောင်နိုင်အောင် ကြိုးစားကြစေလိုကြောင်း၊ ပြိုင်ပွဲအတွက် လိုအပ်သော ထောက်ပံ့မှုများကိုလည်း မိမိတို့ မွန်ပြည်နယ်အစိုးရအဖွဲ့မှနေ၍ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အဆင့် ပြိုင်ပွဲဖြစ်သည့်အတွက် ပြည်နယ်ဂုဏ်ဆောင်နိုင်အောင် အစွမ်းကုန်ကြိုးစားကြဖို့လိုပြီး အနုပညာဖြင့် နိုင်ငံတော်ကို အကျိုးပြုနိုင်သည့် ပြည်နယ်ဂုဏ်ကို ဆောင်နိုင်သည့် အနုပညာရှင်များ ဖြစ်လာအောင် ကြိုးစားသီဆို ယှဉ်ပြိုင်ကြစေလိုကြောင်း ပြောကြားခဲ့သည်။


ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအထိမ်းအမှတ် တူယှဉ်နွှဲပျော်ဂီတပွဲတော် Season-2 သီချင်းသီဆိုမှု ပြိုင်ပွဲသို့သွားရောက် ယှဉ်ပြိုင်မည့် အဆိုရှင်(၃)ဦးက စိတ်ကြိုက် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး  ပြိုင်ပွဲဝင်ရန်အတွက် ထောက်ပံ့ငွေ ၃၂၀၀၀၀၀ (ကျပ်-သုံးဆယ့်နှစ်သိန်းတိတိ)အား  ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းနွယ်အားလည်ကောင်း  ပြိုင်ပွဲဝင်(၁)ဦးအတွက် ငွေကျပ် ၆၀၀၀၀၀ (ကျပ်-ခြောက်သိန်းတိတိ)ကို ပြိုင်ပွဲဝင် မအေးသက်ထားဇော်အားလည်းကောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက ထောက်ပံ့ ပေးအပ်ခဲ့သည်။


ထိုနောက် မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က မွန်ပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် မသဲယွန်းလွှာအား လည်ကောင်း လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်က မွန်ပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် မရွှေစင်ကြယ်အားလည်ကောင်း မွန်ပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများကို ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းက ပြိုင်ပွဲဝင် ၃ ဦးအတွက် ထောက်ပံ့ငွေ ၁၀၀၀၀၀( ကျပ်-တစ်သိန်းတိတိ)စီအား  အသီးသီး ထောက်ပံ့ ပေးအပ်ခဲ့သည်။


ယင်းနောက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအထိမ်းအမှတ် တူယှဉ်နွှဲပျော်ဂီတပွဲတော် Season-2 သီချင်းသီဆိုမှု ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် အဆိုရှင်(၃)ဦးက ပြဌာန်းတေးသီချင်းများဖြင့် ဆက်လက်သီဆို ဖျော်ဖြေခဲ့ကြပြီး မွန်ပြည်နယ် ဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးချန်ထွန်းက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြု အထိမ်းအမှတ် တူယှဉ်နွှဲပျော် ဂီတပွဲတော် Season-2 သီချင်းသီဆိုမှု ပြိုင်ပွဲသို့ သွားရောက်ယှဉ် ပြိုင်မည့် အဆိုရှင်(၃)ဦးအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း  သိရှိရသည်။


သတင်း - ခင်စန်းမြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)