ပြင်ဦးလွင်ခရိုင်၌ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)အား Software Program စနစ်ဖြင့် Server အတွင်း ထည့်သွင်းခြင်းလုပ်ငန်းများဆောင်ရွက်မှုအပေါ် တာဝန်ရှိသူများကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်ခရိုင်၌ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)အား Software Program စနစ်ဖြင့် Server အတွင်း ထည့်သွင်းခြင်းလုပ်ငန်းများဆောင်ရွက်မှုအပေါ် တာဝန်ရှိသူများကြည့်ရှုစစ်ဆေး

 



MNP - ဩဂုတ်   ၁၀


နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်အရ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်တွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)များ Software Program စနစ်ဖြင့် Server အတွင်း ထည့်သွင်းခြင်းလုပ်ငန်းများကို ဇူလိုင်လ ၁၈ ရက်နေ့မှစ၍ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်း ဆောင်ရွက်နေမှုများ အဆင်ပြေချောမွေ့စေရေးအတွက် ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးသန့်ဇော်ဦးနှင့် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးထားသည့် နိုင်-၄ မှတ်တမ်းများ အား Excel Format ဖြင့် Server အတွင်းထည့်သွင်းခြင်းလုပ်ငန်းများကို ပထမအဆင့် ဆောင်ရွက်ခဲ့ပြီးဖြစ်၍ ထုတ်ပေးထားသော အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)အား Software Program စနစ်ဖြင့် Server အတွင်း ထည့်သွင်းခြင်းလုပ်ငန်း ဒုတိယအဆင့်အား(၁၈-၇-၂၀၂၂) ရက်နေ့မှစ၍ လုပ်ငန်းအား အဖွဲ့များခွဲကာ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


သတင်း - ယမင်းလှိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)