မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးစိုးပိုင်မြင့် ငဖဲမြို့နယ်တွင် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆)ပါ အချက်အလက်များအား software programme ရေးသွင်းနေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးစိုးပိုင်မြင့် ငဖဲမြို့နယ်တွင် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆)ပါ အချက်အလက်များအား software programme ရေးသွင်းနေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

 


MNP - ဩဂုတ်   ၁၀


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယမန်နေ့ မွန်းလွဲ  ၂ နာရီအချိန်က မင်းဘူးခရိုင်၊ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့်တာဝန်ရှိသူအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးတွင် မြို့နယ်အတွင်းရှိ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆)ပါ အချက်အလက်များအား Software Program ရေးသွင်းပြီးစီးမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ဦးစွာ ငဖဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ ဦးစီးမှူး ဦးပွားမောင်က အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆)ပါ အချက်အလက်များနှင့် ပြောင်းဝင်၊ ပြောင်းထွက်၊ သေဆုံးစာရင်း မှတ်တမ်းများအား ဖြည့်စွတ်ရေးသွင်းနေမှုများနှင့် ယမန်နေ့ထိပြီးစီးမှုအ‌ခြေအနေများကို ရှင်းလင်းတင်ပြရာ လူမှုရေးရာဝန်ကြီးက မြေပြင်လူဦး‌ရေစာရင်းများရေးသွင်းရာတွင် အမှားအယွင်းမဖြစ်ပေါ်စေရေး၊ သတ်မှတ်ကာလအတွင်းအချိန်မှီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်ရန် ဆွေးနွေးမှာကြားပြီးလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


ငဖဲမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆)ပါ အချက်အလက်များအား Software Program ထည့်သွင်းခြင်းလုပ်ငန်းကို ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်၍ ရက်ပေါင်း(၃၅)ရက်အတွင်း အပြီးဆောင်ရွက်ရမည့်ဖြစ်ကြောင်း၊ ငဖဲမြို့နယ်အနေဖြင့် စာရင်းဖြည့်သွင်းရမည့် အိမ်ထောင်စုပေါင်း (၁၀၈၉၀) စုရှိ၍ ယနေ့ ဩဂုတ်လ ၉ ရက်နေ့အထိ အိမ်ထောင်စုပေါင်း (၇၀၉၄) စု ဖြည့်သွင်းဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် ပြီးစီးမှုရာနှုန်း ၆၅.၁၄ ရာနှုန်းရှိကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ သိရသည်။


သတင်း - မယု


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)