ကျိုက်ထိုမြို့နယ်၌ ‌ဘေးအန္တရာယ်တုန့်ပြန်ရေးဆိုင်ရာ Table Top Exercise ဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်၌ ‌ဘေးအန္တရာယ်တုန့်ပြန်ရေးဆိုင်ရာ Table Top Exercise ဆွေးနွေးပွဲ ကျင်းပ




MNP ၊  ဩဂုတ်  ၁၀

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် ဘေးအန္တရာယ်တုန့်ပြန်ရေးဆိုင်ရာ Table-Top Exercise ဆွေးနွေးပွဲကို ဩဂုတ် (၁၀)ရက် နံနက်ပိုင်းက ကျိုက်ထိုမြို့နယ် မီးသတ်ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ဆွေးနွေးပွဲတွင်  မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးရဲညွန့်‌ ထွေး က သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် ဖြစ်ပွားလာပါက တုန့်ပြန်ရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်များကို စနစ်တကျဖြင့်အမြန်ဆုံးပူးပေါင်းဆောင် ရွက်နိုင်ရေးတို့ကို ဦးဆောင်ဆွေးနွေးရာ မြို့နယ်ဒုတိယဦးစီးမှူး နှင့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေး ပရဟိတအဖွဲ့ဝင် များက မိမိတို့ကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။


အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ဆပ်ကော်မတီဝင်များ၊ကြက်ခြေနီတပ်ဖွဲ့နှင့်ကျိုက်ထိုမြို့နယ်အတွင်းရှိ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)