မုဒုံမြို့၌ သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ Table – Top Exercise ဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့၌ သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ Table – Top Exercise ဆွေးနွေးပွဲ ကျင်းပ


MNP - သြဂုတ်   ၁၁


မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်း  သဘာဝဘေးအန္တရာယ်များ  ဖြစ်ပွားလာပါက အချိန် နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန်၊ ပြည်သူများ ပူးပေါင်းပါဝင် ဇာတ်တိုက်လေ့ကျင့်ခြင်းများနှင့် အသိပညာများ ဖြန့်ဝေပေးနိုင်ရန်အတွက် ယမန်နေ့က သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ  Table - Top  Exercise  ဆွေးနွေးပွဲကို မုဒုံမြို့နယ်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။


ဆွေးနွေးပွဲတွင် မုဒုံမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖုန်းမြင့်အေးက သဘာဝဘေးအန္တရယ်များ ဖြစ်ပွားပါက ထိရောက်ဆုံး တုံ့ပြန်နိုင်ရေး၊ ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများကို စနစ်တကျ အမြန်ဆုံး ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ထိခိုက်ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေးနှင့် ဆိုးကျိုးများကို တက်နိုင်သမျှ နည်းနိုင်သ မျှနည်းစေရေးအတွက် ဖွံ့ဖြိုးတိုးတက်လာသည့် ခေတ်စနစ်များနှင့်အညီ အတတ်ပညာများကို အသုံးချ၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ၊ ဒေသခံပြည်သူများပါဝင်သော ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်မှုများကို ဦးဆောင် ဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင် ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက မိမိတို့ ကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အသေးစိတ် ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။


မုဒုံမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များနှင့် ကြုံတွေ့လာပါက မြို့နယ်အဆင့် ကော်မတီဝင် (၁၀)ဖွဲ့၊ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအဆင့် ကော်မတီ (၄၂)ဖွဲ့၊ မော်တော်ယာဉ် (၃၈၇)စီး၊ ထော်လာဂျီ (၃၄)စီး၊ သုံးဘီးယာဉ် (၁၆)စီး၊ စက်တပ်ရေယာဉ် (၂၃၇)စီး၊ လူနာတင်ယာဉ် (၄၂)စီး၊ ဆန်ကုန်သည်ကြီးများအသင်းမှ ဆန်အိတ် (၅၀၀)တို့ကို အဆင်သင့် စုဖွဲ့ထားရှိပြီး အဆင့်ဆင့်သော သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှုကော်မတီများ၏ လမ်းညွှန်ချက်များ၊ ပြည်နယ်အစိုးအရအဖွဲ့၏ လမ်း ညွှန်ချက်များနှင့်အတူ ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာ့လုပ်အားရှင်များ၏ ဝိုင်းဝန်းပူးပေါင်းမှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - သားငယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)