ရေးမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ Table-Top Exercise ဆွေးနွေးပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေးမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ Table-Top Exercise ဆွေးနွေးပွဲ ပြုလုပ်



MNP - ဩဂုတ်   ၁၁


ရေးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် ကျရောက်လာနိုင်သည့် မုန်တိုင်းဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ Table-Top Exercise ဆွေနွေးပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြသည်။


အဆိုပါ ဆွေးနွေးပွဲကို မြို့နယ်မီးဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးဝင်းမြင့်နိုင် ဦးဆောင်မှုဖြင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးနိုင်မျိုးအောင်၊ မြို့နယ်လဝကဦးစီးမှူး၊ သစ်တောဦးစီးဌာန၊ လျှပ်စစ်၊ ပြန်/ဆက် ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြပြီး သဘာဝဘေးအန္တရာယ်ကျရောက်ပါက အရေးပေါ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားပြီး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်မှုများကိုလည်း တက်ရောက်လာကြသည့် လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ဆွေးနွေးပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့ဝင် (၆၀)ဦးတို့ တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)