ဘူးသီးတောင်မြို့ လူထုအခြေပြုဗဟိုဌာန၌ ရှေးဦးပြုစုနည်း အသိပညာပေး Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့ လူထုအခြေပြုဗဟိုဌာန၌ ရှေးဦးပြုစုနည်း အသိပညာပေး Talk Show ပြုလုပ်



MNP ၊ ဇန်နဝါရီ   ၂၅

ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းပြီး ရှေးဦးပြုစုနည်းအသိပညာပေး  (Talk Show) ကို ယနေ့နံနက်ပိုင်းကပြုလုပ်သည်။

    အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်အေးအေးအောင်က Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ဘူးသီးတောင်မြို့နယ် မြို့နယ်ကြက်ခြေနီအသင်းအနေဖြင့်  လက်ရှိဆောင်ရွက်ချက်များမှ ရှေးဦးပြုစုနည်း အတတ်ပညာ သိကောင်းစရာများအား သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။ မြို့နယ်ကြက်ခြေနီတပ်ခွဲမှူးဦးကျော်မြင့်ဝေ မြန်မာနိုင်ငံကြက်ခြေ နီအသင်း၏ ရှေးဦးပြုစုခြင်းဘာသာရပ်သည် အဓိကကျောရိုးမဏ္ဍိုင်တစ်ခုဖြစ်ကြောင်း၊ လူ့အသက်ကိုကယ်ဆယ်နိုင်သည့် ပညာရပ်တစ်ခုဖြစ်သောကြောင့် လူတိုင်းတတ်ထားသင့်ကြောင်း၊ ရှေးဦးပြုစုခြင်းအတတ်ပညာကို ဌာနဆိုင်ရာများ၊ စာသင်ကျောင်းများ၊ ရပ်ကွက်/ကျေးရွာများ၊ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများကိုပါ အခါအားလျော်စွာ သင်တန်းများပို့ချလျက်ရှိပါကြောင်း၊ ဦးခေါင်းမှ ခြေဖျားအထိ မတော်တဆထိခိုက်ဒဏ်ရာတစ်ခုခုဖြစ်ပါက ရှေးဦးပြုစုခြင်းအတတ်ပညာဖြင့် တတ်စွမ်းသမျှကူညီပေးနေပါကြောင်း၊ မတော်တဆထိခိုက်ဒဏ်ရာများ ရရှိပါက ဆက်သွယ်ဆောင်ရွက်ရမည့် ဖုန်းနံပါတ်များကို  ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။

    

လှကျော် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)