ကြံခင်းမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) နှင့် ကျေးရွာဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းစီမံကိန်း (VDP) စီမံကိန်းကျေးရွာများ၏ စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) နှင့် ကျေးရွာဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းစီမံကိန်း (VDP) စီမံကိန်းကျေးရွာများ၏ စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

 


MNP - ဩဂုတ်   ၁၀


သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင် ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)နှင့် ကျေးရွာဖွံဖြိုးတိုးတတ်ရေး လုပ်ငန်းစီမံကိန်း (VDP)တို့၏ စီမံကိန်းကျေးရွာ များအား စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကြံခင်းမြို့ဧရာဦး ခန်းမတွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်မှ အဖွင့်အမှာစကားပြောကြားရာတွင် ဆီထွက်သီးနှံ မိုးနေကြာမျိုးစေ့ထုတ် စိုက်ပျိုးခြင်း စီမံကိန်းစတင် အကောင်အထည်ဖော် စိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်သက်ပြီး လည်းကောင်း၊ မြစိမ်းရောင်ချေးငွေနှင့် ပတ်သက်ပြီး တောင်သူများရရှိမည့် အကျိုးကျေးဇူးများကို ပြောကြား သည်။


ထိုနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦးယဉ်မင်းဦး မှ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့်  မြစိမ်းရောင် စီမံကိန်းနှင့် ဆီထွက်သီးနှံ စိုက်ပျိုးသည့် ကျေးရွာများ၊ ကျေးရွာရွေးချယ်ရာတွင် အခြေခံရမည့်မူများ၊ ဖွံဖြိုးရေးလုပ်ငန်းများ၏ ဆောင်ရွက် ချက်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေး ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ဘဏ္ဍာရေးနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်မှုများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ (၅၀)%ဖြင့် လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းပြောကြားသည်။


ထိုနောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆီထွက်သီးနှံလည်ပတ် ရန်ပုံငွေကျပ်သိန်း(၉၀၀)ကို စီမံကိန်းကျေးရွာ (၈)ရွာ၏ ကျေးရွာလုပ်ငန်းအဖွဲ့များ ထံသို့လည်းကောင်း၊ ကျေးရွာဖွံ့ဖြိုး တိုးတတ်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေကျပ်သိန်း(၂၀၀၀)အား ကျေးရွာ(၂၀)၏ ကော်မတီအဖွဲ့များထံသို့လည်းကောင်း တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ကြသည်။


အခမ်းအနားသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊   မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူ ဦးယဉ်မင်းဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများ၊ ကျေးရွာလုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)