ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ခရီးသည်တင်ယာဉ်လိုင်းကုမ္ပဏီများမှ ယာဉ်မောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ခရီးသည်တင်ယာဉ်လိုင်းကုမ္ပဏီများမှ ယာဉ်မောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ







MNP ၊ ဩဂုတ်  ၂၆

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ( YRTC )၏ ကြီးကြပ်မှုအောက်ရှိ တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော ‌YBS ခရီးသည်တင်ယာဉ်လိုင်းကုမ္ပဏီများမှ ယာဉ်မောင်းများအား ၂၀၂၁-ခုနှစ်အတွက် စံပြယာဉ်မောင်းဆုနှင့် တာဝန်သိ ယာဉ်မောင်းဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် မာန်အောင်ရပ်ကွက် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ( YRTC )ရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ( YRTC ) မှ ဒုတိယဥက္ကဋ္ဌ ဦးချစ်ကိုကိုက ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော ‌YBS ခရီးသည်တင်ယာဉ်လိုင်း ကုမ္ပဏီများမှ ယာဉ်မောင်းများအား ၂၀၂၁-ခုနှစ်အတွက် စံပြယာဉ်မောင်းဆုနှင့် တာဝန်သိ ယာဉ်မောင်းဆုချီးမြှင့်ခြင်း နှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ ( YRTC )မှ သက်ဆိုင်ရာတာဝန်ရှိသူများက ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ‌YBS ခရီးသည်တင် ယာဉ်လိုင်းကုမ္ပဏီများမှ စည်းကမ်းပိုင်းနှင့် ခရီးသွားပြည်သူအပေါ် ကောင်းမွန်သော ဝန်ဆောင်မှု အပြည့်အဝ ပေးနိုင်သည့် ယာဉ်မောင်း(၆၀)ဦးအား စံပြယာဉ်မောင်းဆုအဖြစ် တစ်ဦးလျှင် ငွေကျပ်သုံးသိန်းစီနှင့် ဂုဏ်ပြုမှတ်တမ်း လွှာများကိုလည်းကောင်း၊ အကျင့်စာရိတ္တကောင်းမွန်ပြီး ခရီးသွားပြည်သူများ ကျန်ရစ်ခဲ့သော တန်ဖိုးကြီးပစ္စည်း များနှင့် ငွေကြေးတို့ကို ခရီးသွားပြည်သူများလက်ဝယ်အရောက် ပြန်လည်ပေးအပ်ခဲ့သော ယာဉ်မောင်း(၄)ဦးတို့ကို တာဝန်သိယာဉ်မောင်းဆုအဖြစ် တစ်ဦးလျှင် ငွေကျပ်တစ်သိန်းစီနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း အသီးသီး ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ ၂၀၂၁-ခုနှစ်အတွင်း ‌YBS ခရီးသည်ပို့ဆောင်ရေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသော ‌YBS ခရီးသည်တင် ယာဉ်လိုင်းကုမ္ပဏီများ၊ ‌YBS ခရီးသည်ပို့ဆောင်ရေး တာဝန်များကို ထမ်းဆောင်ရာတွင် ပံ့ပိုးကူညီခဲ့ကြသော ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များနှင့် ပညာရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ခဲ့ပြီး YUPT Public Co.,Ltd၊ YBPC Co.,Ltd၊ လူထုမိတ်ဆွေကုမ္ပဏီ၊ Asia Starmar Transport Intelligent Co.,Ltd နှင့် Super One Co.,Ltd တို့မှ ဂုဏ်ပြုဆုရ ‌YBS ခရီးသည်တင် ယာဉ်မောင်းများအား မေတ္တာလက်ဆောင်ချီးမြှင့်ငွေများအား အသီးသီးပေးအပ်ခဲ့ကြသည်။ ထို့နောက် တက်ရောက် လာကြသူများသည် ဂုဏ်ပြုဆုရ ‌YBS ခရီးသည်တင် ယာဉ်မောင်းများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ခရီးသည်တင်ယာဉ်လိုင်းကုမ္ပဏီများမှ ယာဉ်မောင်းများအား ဂုဏ်ပြု ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ ( YRTC )မှ တာဝန်ရှိသူများ၊ ဂုဏ်ပြုဆုရရှိသည့် YBS ခရီးသည်တင်ယာဉ်လိုင်းကုမ္ပဏီများမှ ယာဉ်မောင်းများနှင့် ဖိတ်ကြားထား သော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ယနေ့လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ( YRTC )အနေဖြင့် ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများ ဘေးကင်းလုံခြုံပြီး အဆင်ပြေချောမွေ့စွာဖြင့် လိုရာခရီးကို သွားလာနိုင်စေရေးအတွက် ယာဉ်လိုင်းပေါင်း(၁၁၆)လိုင်းမှ ယာဉ်အစီးရေ (၃၂၀၀)ကျော်ဖြင့် နေ့စဉ်ခရီးသွား ပြည်သူ(၁၂)သိန်းကျော်ကို ပုံမှန်ပြေးဆွဲပို့ဆောင်ပေးလျက်ရှိကြောင်း၊ ယာဉ်စီးခနှုန်းထား ပိုမိုကောက်ခံသော ယာဉ်များအား စုံစမ်းစစ်ဆေးခြင်းနှင့် စည်းကမ်းဖောက်ဖျက်သော မော်တော်ယာဉ်များအား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် ခရီးသွားပြည်သူများကို အပြည့် အဝ ဝန်ဆောင်မှုပေးနိုင်ရန် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


နိုင်လင်းအောင်(တာမွေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)