ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)နှင့် မီဒီယာများတွေ့ဆုံပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)နှင့် မီဒီယာများတွေ့ဆုံပွဲ ကျင်းပ



MNP - ဩဂုတ်   ၁၀


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိသည့် ဝန်ဆောင်မှုလုပ်ငန်းမျာနှင့် စပ်လျဉ်း၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် မီဒီယာများနှင့် တွေ့ဆုံပြီး အသိပေးရှင်းလင်းပွဲ (၄/၂၀၂၂)ကို ယနေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က အဖွင့်အမှာစကားပြောကြားရာတွင် “ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများ ဘေးကင်းလုံခြုံပြီး အဆင်ပြေချောမွေ့စွာဖြင့် လိုရာခရီးကို သွားလာနိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)အနေဖြင့် အပြည့်အဝဝန်ဆောင်မှုပေးနိုင်ရန် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း” စသည်ဖြင့် ပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ ကော်မတီဝင်(၁) ဦးခင်မောင်ထွေး က ရန်ကုန်မြို့တွင်း ပြေးဆွဲပေးနေသော ‌YBS ယာဉ်လိုင်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် တက်ရောက်လာကြသော မီဒီယာများက ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ယာဉ်စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများနှင့် အရေးယူဆောင်ရွက်နေမှုများ၊ ရန်ကုန်တိုင်းဒေသကြီးမှ နိုင်ငံတစ်ဝှမ်းလုံးရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးသို့ အဝေးပြေးယာဉ်များ ပြေးဆွဲပေးနေမှုအခြေအနေများနှင့် အဝေးပြေးလူစီးယာဉ်များတွင် ကုန်ပစ္စည်းများ တင်ဆောင်သယ်ယူနေခြင်းများ၊ လတ်တလော ရန်ကုန်မြို့ အောင်ဆန်းကွင်းရှိ အဝေးပြေးယာဉ်လက်မှတ် ရောင်းချနေသည့် ဆိုင်ခန်းများ ပိတ်သိမ်းမှု အခြေအနေ၊ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ‌YBS ယာဉ်လိုင်းများမှ ယာဉ်မောင်းများအား စံပြယာဉ်မောင်းဆု ချီးမြှင့်ပေးရန် စီစဉ်ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး မေးမြန်းခဲ့ကြရာ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ တာဝန်ရှိသူများက အသီးသီး ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)အနေဖြင့် ရုံးဆင်း/ရုံးတက်ချိန်များတွင် မြို့တွင်းခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက်  ‌YBS ယာဉ်လိုင်းများ လုံလုံလောက်လောက် ပြေးဆွဲပေးနေမှု အခြေအနေများနှင့် ပတ်သက်ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။


အဆိုပါ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)၏ ဝန်ဆောင်မှုလုပ်ငန်းမျာနှင့် စပ်လျဉ်း၍ မီဒီယာများနှင့်တွေ့ဆုံပြီး ပြည်သူများထံ အသိပေးရှင်းလင်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ တာဝန်ရှိသူများ၊ သတင်းမီဒီယာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - နိုင်လင်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)